နေပြည်တော် ဩဂုတ် ၂၀
ယနေ့တွင် ကိုဗစ် - ၁၉ ရောဂါပိုးရှိသူ ငါးဦးထပ်မံတွေ့ရှိသဖြင့် ယနေ့အထိ ရောဂါပိုးရှိသူ စုစုပေါင်း ၃၉၉ ဦးရှိသွားပြီဖြစ်ပြီး ပိုးတွေ့ရှိသူ ငါးဦးမှာ ပြည်ပသို့ ခရီးသွားရာဇဝင်မရှိသူများဖြစ်ကြောင်း သိရသည်။
ရောဂါပိုးတွေ့ရှိသူ ၃၉၉ ဦးအနက် သေဆုံးသူ ခြောက်ဦး၊ ပိုးမတွေ့ရှိတော့သူ ၃၃၃ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၃၃၁ ဦးနှင့် ဩဂုတ် ၁၉ ရက် မွန်းတည့် ၁၂ နာရီမှ ဩဂုတ် ၂၀ ရက် မွန်းတည့် ၁၂ နာရီအတွင်း စောင့်ကြည့်လူနာအသစ် ၂၄ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ထုတ်ပြန်ချက်များအရ သတင်းရရှိသည်။
သတင်းစဉ်