အိမ်မဲ ၁၁ ဇူလိုင်
ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ်အတွင်း Cash for Work စီမံကိန်းကျေးရွာ (၁၇)ရွာ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ရာ ဇူလိုင် ၉ ရက်က ကညင်ချောင်းကျေးရွာ၊ ကွင်းဘောကျေးရွာနှင့် အိုင်ကောက်ကျေးရွာများတွင် Covid Economic Relief Plan ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် Cash for Work စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီဖွဲ့စည်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ်အတွင်းမှာ Covid-19 ရောဂါ အကျိုးဆက် သက်ရောက်ခြင်းခံရသော ကျေးလက်ဒေသများရှိ ပြည်သူများဝင်ငွေရရှိစေရန် ကျေးရွာအခြေခံအဆောက်အအုံများ ဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်များဖြင့် Cash for Work စီမံကိန်းကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်လဲ့လဲ့ခိုင်သန်း ပြောကြားချက်အရ သိရသည်။
ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)