၇ ဇူလိုင်
ဘရာဇီးနိုင်ငံရဲ့ သမ္မတဘိုနာရိုမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး လက္ခဏာတစ်ခုဖြစ်တဲ့ ကိုယ်အပူချိန် မြင့်နေတဲ့အတွက် ဗိုင်းရပ်စ်ရောဂါပိုး စစ်ဆေးထားရကြောင်း သိရပါတယ်။
သမ္မတက သူ့ရဲ့အဆုတ်ကို စစ်ဆေးရာ ကောင်းမွန်ကြောင်းပြောပြီး ဒီနေ့ အင်္ဂါနေ့မှာ ရောဂါပိုးစစ်ဆေးတဲ့ အဖြေရရှိဖို့ မျှော်လင့်ကြောင်းနဲ့ ဆွေးနွေးပွဲတွေ အားလုံးကို ဖျက်ထားကြောင်း ပြောပါတယ်။
သမ္မတဟာ ဗိုင်းရပ်စ်ပိုးစစ်ဆေးတာ အခုအကြိမ်ဟာ လေးကြိမ်မြောက်ဖြစ်ပြီး ပြီးခဲ့တဲ့ သုံးကြိမ်စစ်ဆေးစဉ်က ဗိုင်းရပ်စ်ပိုး မတွေ့ရှိကြောင်း သိရပါတယ်။
အမေရိကန်သံရုံးဝင်းအတွင်းမှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျင်းပတဲ့ အမေရိကန် လွတ်လပ်ရေးနေ့ အခမ်းအနားပွဲကို နိုင်ငံခြားရေးဝန်ကြီးနဲ့ သမ္မတ ဘိုနာရိုဟာ မျက်နှာဖုံးဝတ်ဆင်ခြင်းမရှိဘဲ တက်ရောက်ခဲ့တာကို တွေ့ရပါတယ်။
MDN
ကိုးကား - AFP