ဖားကန့်မြို့နယ်၌ မြေစာပုံပြိုကျ၍ ရေမဆေးကျောက်ရှာဖွေသူ ၉၉ ဦး သေဆုံးပြီး ၂၃ ဦး ဒဏ်ရာရရှိ

ဖားကန့်    ဇူလိုင်

 

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါကျေးရွာအနီးရှိ လုပ်ငန်းရပ်နားထားသည့် ကျောက်မျက်တူးဖော်ရေးလုပ်ကွက်နေရာများတွင် ယနေ့နံနက်ပိုင်းက မြေစာများပြိုကျခဲ့၍ ရေမဆေးကျောက်ရှာဖွေသူ ၉၉ ဦး သေဆုံးကာ ၂၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖားကန့်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

 

ဖြစ်စဉ်မှာ ယနေ့နံနက် နာရီခန့်က ဖားကန့်မြို့နယ်၊ ဆိပ်ကျေးရွာအုပ်စု၊ ဝှေခါကျေးရွာအနီးရှိ ရာသီသိမ်းချိန် လုပ်ငန်းရပ်နားထားသည့် ဂျိတ်လင်း၊ ကျောက်စိမ်းသစ်ရွက်၊ စိမ်းရွှေဝါ ကုမ္ပဏီလုပ်ကွက်နေရာများအတွင်း အလျားပေ ၇၀၀ အမြင့်ပေ ၁၀၀၀ ခန့်ရှိ မြေစာများပြိုကျခဲ့ကာ အောက်ခြေရှိ အလျားပေ ၅၀၀၊ အကျယ်ပေ ၁၀၀၀ ခန့်ရှိရေကန်အတွင်း ရေလှိုင်းများဖြစ်ပေါ်ပြီး ရေလှိုင်းပုတ်ခတ်မှုကြောင့် ရေမဆေးကျောက်ရှာဖွေနေသူများမှာ ရေလှိုင်းနှင့်အတူ မျောပါပျောက်ဆုံးခဲ့ကြသည်။

 

မြေစာပုံပြိုကျရာနေရာသို့ ဖားကန့်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များမှ သွားရောက်ကာ ရှာဖွေကယ်ဆယ်ရေးများ ဆောင်ရွက်ခဲ့ကြပြီး သေဆုံးသူရုပ်အလောင်း ၉၉ လောင်းကို ရှာဖွေတွေ့ရှိကာ ဒဏ်ရာရရှိသူ ၂၃ ဦးအား ဝှေခါတိုက်နယ်ဆေးရုံတွင် ၁၉ ဦး၊ ဖားကန့်မြို့နယ်ဆေးရုံတွင် ဦး ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။

 

ဝင်းနိုင်(ကချင်မြေ)