ခေါဇာ ၁ ဇူလိုင်
မွန်ပြည်နယ် ရေးမြို့နယ် ခေါဇာမြို့အတွင်းရှိ မွေးစမှအသက် ၁နှစ် ခွဲ အထိ ကလေးငယ်များ နှင့် ကိုယ်ဝန်ဆောင်မိခင်များအားလစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းကို ယခင်ကလစဉ် ပုံမှန်ထိုးနှံပေးလျှက်ရှိပြီး COVID-19 ရောဂါကြောင့် ပုံမှန်ကာကွယ် ဆေးထိုးနှံခြင်းလုပ်ငန်းကို ခေတ္တ ရပ်နားထားခဲ့ပြီ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို ဇွန်လမှစ၍ပြန်လည် ထိုးနှံပေးလျှက်ရှိရာ ခေါဇာမြို့အတွင်းရှိ ကလေးငယ် များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ယနေ့နံနက်ပိုင်းက ခေါဇာမြို့ကျေးလက် ကျန်းမာရေး ဦးစီးဌာနခွဲတွင် ကာကွယ်ဆေး ထိုးနှံပေခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက် ပေးလျှက်ရှိကြောင်း သိရသည်။
ညီညီချမ်း(ပြန်/ဆက်)