မိုးဦးကျကာလတွင် သဘာဝဘေးအန္တရာယ်​များ ဖြစ်ပေါ်လာပါက ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် ရေပြင်အသက်ကယ် ဇာတ်တိုက်လေ့ကျင့်

ဖာပွန် ၂၂ မေ

 

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးဆောင်ကာ သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက ကူညီဆောင်ရွက်ပေးနိုင်ရေး ရည်ရွယ်၍ ရေပြင်အသက်ကယ် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက ဖာပွန်မြို့၊ အမှတ်(၁)ရပ်ကွက် ယွန်းစလင်း​ချောင်း၊ လှေဆိပ်၌ ကွင်းဆင်း​ဆောင်ရွက်ခဲ့သည်။

 

ယခုလို ကွင်းဆင်းလေ့ကျင့်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်အောင် ဦးဆောင်၍ တပ်ဖွဲ့ဝင်များက သဘာဝဘေးအန္တရာယ် ကျရောက်ပါက ကူညီကယ်ဆယ်နိုင်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်ပြီး ရေနစ်နေသူအား ရှာဖွေကယ်ဆယ်၍ ရှေးဦးပြုစုနည်းတို့ဖြင့် အသက်ကယ်ဆယ်ခြင်းများကို လက်တွေ့သရုပ်ပြသခဲ့ကြောင်းနှင့် ယခုလိုသရုပ်ပြသမှုကို ဖာပွန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးညွှန့်ဦးက လာရောက်ကြည့်ရှုခဲ့ကြောင်း သိရှိရသည်။

 

စိုင်းကျော်ဝဏ္ဏ၊ တိုးဝေဇင်(ပြန်/ဆက်)