ဘောလခဲမြို့ စောလဖော်ခန်းမရှေ့၌ မသန်စွမ်းသူများ အသုံးပြုနိုင်ရန်အတွက် wheel chair ဖြင့် တက်နိုင်သည့်နေရာများသို့ လမ်းညွန်သင်္ကတေဆိုင်းဘုတ်များ စိုက်ထူ

ဘောလခဲ ၂၂ မေ 

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့ စောလဖော်ခန်းမရှေ့၌ မသန်စွမ်းသူများ အသုံးပြုနိုင်ရန်အတွက် wheel chair ဖြင့် တက်နိုင်သည့်နေရာများသို့ လမ်းညွန် သင်္ကတေ ဆိုင်းဘုတ်များ စိုက်ထူခြင်းကို ယနေ့ညနေ ၄ နာရီက ဆောင်ရွက်ခဲ့ကြသည်။

 

a

 

အဆိုပါ လမ်းညွှန်ဆိုင်းဘုတ် စိုက်ထူဆောင်ရွက်ရန်အတွက် ကယားပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ကွပ်ကဲမှုအောက်ရှိ မြို့နယ်စည်ပင်သာယာရေး အဖွဲ့များဖြစ်သော ဘောလခဲ၊ ဖားဆောင်း၊ မယ်စဲ့နှင့် ရွာသစ်မြို့နယ် ခန်းမများတွင် မသန်စွမ်းသူများ အသုံးပြုနိုင်ရန် wheel chair ဖြင့် တက်နိုင်ရန်အတွက် ဆောင်ရွက်ထားရန် ပြည်နယ်အစိုးရအဖွဲ့ရုံးမှ ဧပြီ ၂၄ ရက်တွင် ကျင်းပပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ညွှန်ကြားခဲ့ကြောင်း ဘောလခဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံး အမှုဆောင်အရာရှိ ဦးသန်းထိုက်ဦးထံမှ သိရသည်။

ဖိုးရယ်