သနပ်ပင် ၂၃ ဧပြီ
ပဲခူးတိုင်းဒေကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် ကိုဗစ် ၁၉ ရောဂါကြိတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ပြည်သူ့အာကစားကွင်းနေရာ၌ ယာယီဈေး ဖွင့်လှစ်ထားရှိပြီး အသိပညာပေးလုပ်ငန်းနှင့် ပျံကျဈေးသည်များအား နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေခြင်း၊ ကိုယ်အပူချိန်များတိုင်းတာခြင်းလုပ်ငန်းကို ဧပြီ ၂၃ ရက်နေ့ နံနက် ၈နာရီက ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါယာယီပျံကျဈေးတွင် ကိုဗစ် ၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား သနပ်ပင်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်မင်းထွန်း၊ သနပ်ပင်မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးအောင်သူရနှင့် မြို့နယ်စည်ပင်ကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များမှ ကိုဗစ် ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူ့အားကစားကွင် ပျံကျဈေးသည်များ စည်းကမ်းတကျ ရောင်းချနေမှုများကို ကြည်ရှ့စစ်ဆေးခဲ့ပြီး ဈေးရောင်းဈေးဝယ်သူများအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်း၊ ကိုယ်အပူချိန်များ တိုင်းတာခြင်းများဆောင်ရွက်ခဲ့ကြကြောင်းသိရှရသည်။
လှမိုး(ပြန်/ဆက်)