မက်မန်း ၁၀ ဧပြီ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မက်မန်းခရိုင် မက်မန်းမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံ လူတန်းစားများအား နိုင်ငံတော်မှထောက်ပံ့သည့် အခြေခံစာသုံးကုန်(၅)မျိုးအား ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပေးအပ်ရာတွင် ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဦးထွန်းလင်းအောင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မင်းတို့က ကြီးကြပ်၍ ပူးပေါင်းအဖွဲ့များက မက်မန်းမြို့နယ် အမှတ်(၁) ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်နှင့် မြို့နယ်အတွင်း ကျေးရွာ(၉)ရွာတို့ကို သွားရောက်ပြီး တစ်အိမ်ထောင်စုကို စားသုံးကုန် ဆန်(၈)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ဆား(၅၀)ကျပ်သား၊ ကုလားပဲ(၁) ပိဿာနှင့် ကြက်သွန်နီ (၁)ပိဿာတို့ကို အိမ်ထောင်စု (၆၅)စု လူဦးရေ (၃၈၄)ဦးတို့အား ထောက်ပံ့ပေးခဲ့ ကြောင်း သိရသည်။
မက်မန်း(ပြန်/ဆက်)