စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်  မုံရွာခရိုင်အတွင်းရှိ အရာတော်၊မုံရွာ မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍  ကြိုတင်ပြင်ဆင်ထားမှုတို့အား ကြည့်ရှုစစ်ဆေး

မုံရွာ  ၅  ဧပြီ

 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည်  ယနေ့  နံနက်(၉)နာရီက မုံရွာခရိုင် အတွင်းရှိ  အရာတော်၊မုံရွာ မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍  ကြိုတင် ပြင်ဆင်ထားမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

647288

 

တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မုံရွာခရိုင်အတွင်းရှိ အများပြည်သူဝင်/ထွက်သွားလာနေကြသည့်  ရွှေဘို- အရာတော်-မုံရွာလမ်းအတိုင်း မော်တော်ယာဉ်များဖြင့် ယနေ့နံနက်(၈)နာရီမှ စတင်ထွက်လာပြီး ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်၍ ပြည်သူများ ကျန်းမာရေးအသိပညာပေးလုပ်ငန်းများကို သက်ဆိုင်ရာ မြို့နယ်များ၏ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ထိန်းချုပ်ရေး ကော်မတီတို့မှ တာဝန်ရှိသူများအား တွေ့ဆုံပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ သတင်းထုတ်ပြန် ထားသည့် ညွှန်ကြားချက်များအတိုင်း စနစ်တကျ အထူးအလေးထားကာ ပြည်သူပူးပေါင်းပါဝင်မှုတို့ဖြင့် ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားခဲ့သည်။

 

ယနေ့  ခရီးစဉ်တစ်လျှောက်လုံးရှိ သက်ဆိုင်ရာ အရာတော်နှင့်မုံရွာမြို့နယ်တို့ရှိ ကိုရိုနာဗိုင်းရပ်စ်COVID-19 ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေး စစ်ဆေးရေးဂိတ်များတို့တွင် တာဝန်ထမ်းဆောင်နေသော ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်းပါဝင်သည့် အရပ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်ပေးနေမှုနှင့် လုံခြုံရေးဆောင်ရွက်ပေးထားမှုတို့ကို ဝန်ကြီးချုပ်က ကြည့်ရှုအားပေးစစ်ဆေးပြီး လိုအပ်သည် ကျန်းမာရေးသုံး နှာခေါင်းစည်း၊ လက်အိတ်နှင့် PPE ဝတ်စုံတို့အပြင် အဖျားတိုင်း သာမိုမီတာများနှင့် အဟာရစားဖွယ်အတွက် အလှူငွေများကို   တာဝန်ရှိသူများ လက်ဝယ်ထံသို့ အသီးသီးပေးအပ်ခဲ့ပြီး ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ လုပ်ငန်းများကို ဆထက်ထမ်းပိုး ကျယ်ကျယ်ပြန့်ပြန့် ပြည်သူများအသိပညာပေးလုပ်ငန်းများကို ပြည်သူအား အထူးဂရုပြု အလေးထား၍ အားလုံးစည်းလုံးညီညွတ်စွာဖြင့် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်အတူ ကြိုးစားဆောင်ရွက်ရေးကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့သည်။

 

ထွန်းကိုကို(ယင်းမာပင်)