ဒီပဲယင်း ၅ ဧပြီ
ဒီပဲယင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေးနှင့် ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်စေရေးအတွက် ပြည်ပမှပြန်လာသူ လူ ၁၃၂ ဦးအား ၁၄ ရက် သီးခြားစောင့်ကြည့်သည့် နေရာများသို့ ယနေ့နံနက်ပိုင်းတွင် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ၁၄ ရက် သီးခြားစောင့်ကြည့်သည့် နေရာများသို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်မျိုး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်အောင်၊ အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမိုးမင်းဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းထက်နှင့် မြို့နယ်ပြန်ဆက် ဦးစီးမှူး ဦးအောင်လင်းတို့က Mask ၊ PPE ဝတ်စုံ၊ ရေသန့်ဘူး၊ ခေါက်ဆွဲခြောက်ထုပ်၊ ယမ်ယမ်ထုပ်၊ ဆပ်ပြာနှင့် ပိုးသတ်ဆေးဗူးများကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ပြည်ပမှပြန်လာသူများနေထိုင်သည် ဆပ်သွားအမကကျောင်းတွင်(၄၁) ဦး၊ မင်းဂံအမကကျောင်း တွင် (၁၄) ဦး၊ အောင်သာယာ အမက ကျောင်းတွင် (၁၅) ဦး၊ ဆပ်လူးအမက ကျောင်းတွင် (၃၈) ဦး၊ အိုင်ရှည် အမကကျောင်းတွင် (၁၄)ဦး၊ ဆုံကုန်းအထက(ခွဲ)ကျောင်းတွင်(၆) ဦး၊ ဆည်တောအထက (ခွဲ) ကျောင်းတွင်(၄) ဦး ဖြစ်ပြီး၊ (၁၄) ရက် သီးခြားစောင့်ကြည့်လူဦးရေ စုစုပေါင်း ၁၃၂ ဦး ကြောင်းသိရှိ ရသည်။
မွှေးကြူဇင်