မြဝတီမြို့ရှိ ရွှေမြဝတီ Quarantine စခန်းတွင် စောစောပြော မိုဘိုင်းအပလီကေးရှင်း အကြောင်း အသိပညာပေး

မြဝတီ  ၄   ဧပြီ

 

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ(ကိုဗစ်-၁၉) အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ကူးစက်ပျံ့ပွားမှု မရှိစေရေးအတွက် Quarantine ဝင်ရသူများအတွက် စောစောပြော မိုဘိုင်းအပလီကေးရှင်း စနစ်၏ ရည်ရွယ်ချက်များနှင့် အသုံးပြုပုံများကို ယမန်နေ့ နေ့လည် ၁၂ နာရီက  ရွှေမြဝတီ Quarantine စခန်းတွင် သွားရောက် ရှင်းလင်း ပြသပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဓါတ်ပုံကျွမ်းကျင်-၂ ဦးထိန်လင်းအောင်က စောစောပြော မိုဘိုင်းအပလီကေးရှင်း စနစ်၏ ဖုန်းတွင်ရယူပုံ၊ ရည်ရွယ်ချက်များနှင့် အသုံးပြုပုံများကို Quarantine စခန်းရှိ ကြီးကြပ်သူများအား တစ်ဆင့် ရှင်းလင်းပြောပြပေးခဲ့ကြောင်း သိရသည်။

 

ထို့နောက် ကိုရိုနာဗိုင်းရပ်စ်ရောဂါ(ကိုဗစ်-၁၉) အသက်ရှူလမ်းကြောင်းရောဂါဆိုင်ရာ အသိပညာပေး ပိုစတာကပ်ခြင်းများလည်း ဆောင်ရွက်သည်။

 

mdn

 

အဆိုပါ မိုဘိုင်းအပလီကေးရှင်း စနစ်သည် ကန့်သတ်ခံထားရသူ တစ်ဦးအနေဖြင့် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းကို လိုက်နာဆောင်ရွက်နေသည့် ကာလအတွင်း မိမိတို့ရဲ့ကျန်းမာရေးအခြေအနေကို မိုဘိုင်းအပလီကေးရှင်း ဖုန်းကနေတစ်ဆင့် သတင်းပို့နိုင်သည့် စနစ်ဖြစ်ကြောင်းနှင့် မြဝတီမြို့ရှိ ကျန်ရှိသော Quarantine စခန်းများတွင်လည်း အသိပေးရှင်းလင်းသွားမည် ဖြစ်ကြောင်း သိရသည်။

 

ထိန်လင်းအောင်(ပြန်/ဆက်)