ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေးတံတား(၁) ပျက်စီးနေသော လမ်းပိုင်းအား ပြင်ဆင်ဆောင်ရွက်လျက်ရှိ

မြဝတီ ၄ ဧပြီ

 

ကရင်ပြည်နယ် မြဝတီမြို့၌ ကိုဗစ်-၁၉ ကြောင့် ယာယီပိတ်ထားသော ထိုင်း-မြန်မာ ချစ်ကြည်ရေး တံတားအမှတ်(၁)ဧရိယာအတွင်းရှိ ပျက်စီးနေသော လမ်းပိုင်းများအား စက်ယန္တရားကြီးများဖြင့် စည်ပင်ကော်မတီ ဥက္ကဋ္ဌ ဦးသန်းရွှေနှင့် ကော်မတီဝင်များ၊ စည်ပင်ဝန်ထမ်းများမှ ဧပြီ ၃ ရက်နေ့ မနက်ပိုင်းအချိန်မှစ၍  ညနေပိုင်းအထိ ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။

 

အဆိုပါပြင်ဆင်ဆောင်ရွက်နေမှုများကို  ယမန့်နေ့ ည ၇ နာရီအချိန်တွင် ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်၊ ခရိုင်လဝကမှူး ဦးအောင်ခိုင်ဆွေတို့မှ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

မန်းသန်းရွှေမြင့်(ပြန်/ဆက်)