မလှိုင်မြို့ ကျောင်းစုဆည်အတွင်း စေတီပျက်ကြီးအား ပြုပြင်ရာမှ ထိုင်တော်မူ ဘုရားဆင်းတုတော်နှင့် ဌာပနာများ၊ ကျောက်မျက်ရတနာ၊ ဓာတ်တော်မွေတော်များတွေ့ရှိ

မလှိုင် ၂၃ ဖေဖော်ဝါရီ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ် ကံကြီးအုပ်စု ကျောင်းစုကျေးရွာ ကျောင်းစုဆည်အတွင်း စေတီပျက်ကြီးအား ပြန်လည်ပြုပြင်ရာမှ ထိုင်တော်မူစေတီတစ်ဆူနှင့် ဆင်းတုတော်များ၊ ဌာပနာများ၊ ကျောက်မျက်ရတနာ၊ ဓာတ်တော်မွေတော်များ တွေ့ရှိခဲ့ကြောင်း သိရသည်။

 

စေတီပျက်ကြီးအား လွန်ခဲ့သော ၁၀ ရက်ခန့်မှ စတင်ပြုပြင်လျက်ရှိရာ ဖေဖော်ဝါရီ ၂၂ ရက် ညနေပိုင်းက စတင်တွေ့ရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါစေတီမှ ဉာဏ်တော်အမြင့် ၉ ပေခန့်ရှိ အုတ်ဘုရားဆင်းတုရုပ်ပွားတော်တစ်ဆူ၊ ဓာတ်တော် ၅၄ ဆူ၊ ရတနာကျောက်နီ ၂ ပွင့်/သတ္တာဌာနရုပ်ပွားတော် ၇ ဆူ၊ နတ်မင်းကြီးလေးပါး ရုပ်ထု ၄ ဆူ၊ ဗြဟ္မာမင်းကြီး ရုပ်ပွားတော် တို့အပြင် ယနေ့အချိန် တူးဖော်နေဆဲကာလတွင် ဗုဒ္ဓရုပ်ပွားတော်ငယ်များအား ဆက်လက်တွေ့ရှိနေကြောင်း ဆရာတော် ဥူးအဂ္ဂဓမ္မပါလ က မိန့်ကြားသည်။

ဘိုဘို(မလှိုင်)