ခွင့်ပြုချက်မဲ့ ကြော်ငြာဆိုင်းဘုတ်များအား ဥပဒေနှင့်အညီ ဖြုတ်သိမ်း

ပုဇွန်တောင်  ၂၁ ဖေဖော်ဝါရီ 

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် မြို့တော်သာယာလှပစေရန် ရည်ရွယ်၍ ပုဇွန်တောင်မြို့နယ်အတွင်းရှိ ခွင့်ပြုချက်မဲ့ ကြော်ငြာဆိုင်းဘုတ်များအား မြို့နယ်စည်ပင်မှ ယမန်နေ့ မနက်(၉)နာရီ အချိန်တွင် ဥပဒေနှင့်အညီ ဖြုတ်သိမ်းဆောင်ရွက်ခဲ့သည်။

 

‌ေ

 

ထိုသို့‌ဆောင်ရွက်ရာတွင် ပုဇွန်တောင်မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်မြတ်သူ၊ မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦစစ်မြင့်၊ မြို့နယ်စည်ပင်သာယာ လက်ထောက်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေ၊  မြို့နယ်စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင်(၁) ဦးမင်းဇော်နှင့် အဖွဲ့ဝင်(၂) ဦးညီညီအောင်တို့မှကြီးကြပ်ပြီး မြို့နယ်စည်ပင် ဝန်ထမ်းများကဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေခြည်(ပြန်ဆက်)