စွမ်းအားမြှင့်မီးဖိုများ ကျေးရွာအရောက်ပေးအပ်

ဟိုပုံး  ၁၄ ဖေဖော်ဝါရီ 

 

ကိုရီးယားနိုင်ငံ ရာသီဉတုပြောင်းလဲမှုဗဟိုဌာန ထောက်ပံ့လှူဒါန်းသည့်စွမ်းအား မြှင့်မီးဖိုများအား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြိုနယ် ၊ စိုက်ပျိုးရေးဦးစီးဌာနက ဖေဖော်ဝါရီလ(၁၃)ရက် နေ့လည်(၃)နာရီအချိန်က လျှပ်စီးမီးမရရှိသည့် ကျေးလက်ဒေသများ အရောက်ပေးအပ်ခဲ့သည်။

 

852

 

ဟိုပုံးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးခင်မောင်သိန်းနှင့် ဝန်ထမ်းများ၊  ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခွန်မောင်ဖြူ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်နှင့် ဌာနဆိုင်ရာ များသည် ကုန်းကျိုင်းကျေးရွာအုပ်စု၊ ပိန္နဲကုန်း  ကျေးရွာတွင်စွမ်း အားမြှင့်မီးဖို(၁၁၅)လုံး ဖြန့်ဝေ ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာအုပ်စု(၁၆)အုပ်စုအတွက် စွမ်းအား မြှင့်မီးဖို(၇၁၅၅)လုံးကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ လကုန်အထိ ဆက်လက်၍မီးမရရှိသေးသည့် ကျေးလက်ဒေသသို့ အရောက်ဖြန့်ဝေ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

မခြူး(ဟိုပုံး/ပြန်ဆက်)

 

852