ပုလော ၂၇ ဇန်နဝါရီ
လယ်ယာစီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံတောင်သူများနှင့် တွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်ခန်းမ၌ ပြုလုပ်ခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် တိုင်းဒေသကြီး အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်းတို့က မကျည်းကုန်းကျေးရွာ၊ မှော်ကြောင်းကျေးရွာ၊ အမှတ်(၄) ရပ်ကွက်တို့မှ တောင်သူများတွေ့ဆုံပြီး လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါတွေ့ဆုံပွဲတွင် တက်ရောက်လာကြသည့် တောင်သူများက ရေမြောင်းများ၊ ကျေးလက်ကုန်ထုတ်လမ်းများနှင့် လုပ်ကိုင်နေကြသော လုပ်ငန်းအခြေအနေများကို တင်ပြကြပြီး တာဝန်ရှိသူများက ကဏ္ဍအလိုက် ပြန်လည်ဖြေရှင်းပေးခဲ့သည်။
ထူးဝေယံ(ပြန်/ဆက်)