၁၆ ဒီဇင်ဘာ
အာဖဂန်နစ္စတန်တောင်ပိုင်း၊ အာယူဂန်ပြည်နယ် ရှာဟီဒီ ဟာဆတ်ခရိုင်ရှိ တာလီဘန်စစ်သွေးကြွများ ပုန်းအောင်းရာနေရာကို လုံခြုံရေးတပ်ဖွဲ့များ ဝင်ရောက်စီးနင်းခဲ့ကြသည်။
အဆိုပါ တာလီဘန်စစ်သွေးကြွများ ဖမ်းဆီးထားသော အရပ်သား ၁၂ ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း စစ်ဘက်ဆိုင်ရာ က ယနေ့ ကြေညာချက်ထုတ်ပြန်ခဲ့သည်။
အထူးစစ်ဆင်ရေးများကို ယနေ့အစောပိုင်းက လုပ်ဆောင်ခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့များက စစ်သွေးကြွသုံးဦးကို သတ်ဖြတ်ခဲ့ပြီး အခြား ငါးဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ထို ထုတ်ပြန်ကြေညာချက်အရ သိရသည်။
ယင်းထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး တာလီဘန် စစ်သွေးကြွများက မည်သည့်မှတ်ချက်မျှ ပြောကြားခြင်းမရှိသေးပေ။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို