မန်ယူအသင်းကို လိဂ်ဖလားပြိုင်ပွဲမှာလည်း ချယ်လ်ဆီးအသင်း ထပ်မံရှုံးနိမ့်ခဲ့

၃၁ အောက်တိုဘာ

 

 

လိဂ်ဖလား စတုတ္ထအဆင့်ပွဲစဉ်အဖြစ် ချယ်လ်ဆီးအသင်းနှင့် မန်ယူအသင်းတို့ ကြာသပတေးနေ့ နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ ချယ်လ်ဆီးအသင်းက မန်ယူအသင်းကို တစ်ဂိုး- နှစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

 

1

 

 

မန်ယူအသင်းမှာ ချယ်လ်ဆီးအသင်း၏ အိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ကစားခဲ့သော်လည်း ပထမပိုင်း ပွဲချိန်  ၂၅ မိနစ်တွင် ပင်နယ်တီကန်ခွင့် ရရှိခဲ့ရာ ယင်းပင်နယ်တီကို ရပ်ရှ်ဖို့ဒ် က အမှားအယွင်းမရှိ ကန်သွင်းကာ  တစ်ဂိုး ဂိုးမရှိြဖင့် ပထမပိုင်းတွင် ဉီးဆောင်ကစားနိုင်ခဲ့သည်။

 

 

ဒုတိယပိုင်းတွင် အိမ်ရှင်ချယ်လ်ဆီးအသင်း ချေပဂိုး ပြန်လည်ရရှိရေးအတွက် ဖိအားပေးကစားခဲ့ရာမှ ပွဲချိန် ၆၁ မိနစ်တွင် ဘတ်ရှုဝါရီက လိုအပ်နေသည့် ချေပဂိုးကို ပြန်လည်သွင်းယူပေးခဲ့သည်။ ပွဲချိန် ၇၃ မိနစ် အရောက်မှာ မန်ယူအသင်း ဖရီးကစ်ကန်ခွင့်ရရှိခဲ့ပြီး ယခုပွဲစဉ်တွင် ခြေစွမ်းပြကစားနေသည့် တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ် ကပင် လှလှပပ ကန်သွင်းယူနိုင်ခဲ့သဖြင့် ပွဲအပြီးတွင် မန်ယူအသင်းက တစ်ဂိုး - နှစ်ဂိုးဖြင့် နိုင်ပွဲရယူနိုင်ခဲ့သည်။

 

 

ချယ်လ်ဆီးအသင်းအနေဖြင့် ယခုပွဲစဉ်အရှုံးကြောင့် ၇ ပွဲဆက် နိုင်ပွဲရပ်တန့်ခဲ့သလို ချယ်လ်ဆီးအသင်း၏ နည်းပြြဖစ်သည့် လမ်းပတ်မှာလည်း မန်ယူအသင်းကို ယခုနှစ်တွင် ၂ ကြိမ် ထိပ်တိုက်တွေဆုံရာမှာ ၂ ကြိမ်လုံး ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

 

 

အခြားပွဲစဉ်ရလဒ်များ

 

လီဗာပူး ၁၀ - ၉ အာဆင်နယ်

 

အက်စတွန်ဗီလာ ၂ - ၁ ဝှဗ်လ်

 

ချယ်လ်ဆီး ၁ - ၂ မန်ယူ

 

 

MDN