မြို့နယ်လုံးဆိုင်ရာ သီတင်းကျွတ်ပွဲတော် အထိမ်းအမှတ် ပိုက်ကျော်ခြင်းနှင့် ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

မိုင်းပျဉ်း ၉  အောက်တိုဘာ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့တွင် မြို့နယ်လုံးဆိုင်ရာ သီတင်းကျွတ်ပွဲတော် အထိမ်းအမှတ် ပိုက်ကျော်ခြင်းနှင့် ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲက မြို့မစည်ပင်ပန်းခြံကွင်း၌ ကျင်းပသည်။

 

အခမ်းအနားကို  ပြိုင်ပွဲဝင် အားကစားသမားများမှ အားကစားသန္နိဌာန် ရွတ်ဆိုဖွင့်လှစ်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်က အမှာစကား ပြောကြားသည်။

 

1

 

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာတင်ဦးက ပြိုင်ပွဲကျင်းပပြုလုပ်ပေးရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဦးက ပြိုင်ပွဲ စည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားသည်။

 

ဆက်လက်ပြီး ပိုက်ကျော်ခြင်းနှင့် ဘော်လီဘော ပြိုင်ပွဲများကို မိုင်းပျဉ်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ၊ ဌာနဆိုင်ရာများနှင့် တပ်ရင်းတပ်ဖွဲ့များမှ အားကစားဝါသနာရှင်များ၊ လူငယ်များ ပါဝင်ယှဉ်ပြိုင် ကစားခဲ့ပြီး ပြိုင်ပွဲများကို အောက်တိုဘာ ၉ ရက်မှ  ၁၂ ရက်ထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

 

အောင်ဇင်မြင့်(ပြန်/ဆက်)

 

1