တောင်တွင်းကြီး ဒီဇင်ဘာ ၆
တစ်နိုင်တစ်ပိုင်လုပ်ငန်းရှင်များ ပေါ်ထွက်လာပြီး မိသားစုဝင်ငွေတိုးပွားလာစေရန်နှင့် ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံနှင့် ဒေသထွက်သီးနှံများကို အခြေခံ၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု စားသောက်ကုန်ပစ္စည်းများအား ဗီတာမင်နှင့် အာဟာရဓာတ်များ ပြည့်ဝစွာပါရှိ၍ ကျန်းမာရေးနှင့်ညီညွတ်စွာ ထုတ်လုပ်တတ်စေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး ၊တောင်တွင်းကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စီစဉ်ဖွင့်လှစ်သည့် မုန့်မျိုးစုံ ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ကျန်စုအုပ်စု၊ ရေဝေ(ကံတွင်း)ကျေးရွာတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးလှသောင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မကွေးတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်နုရွှေစင်မှ သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။
"ကျွန်တော်တို့ကျေးရွာကိုယခုလိုအခမဲ့သင်တန်းဖွင့်လှစ်ပေးတဲ့အတွက် ကျေးလက်ဒေသက လူငယ်တွေ အလုပ်အကိုင်ရရှိရန်နှင့် ဒေသမှာထွက်ရှိတဲ့ ကုန်ကြမ်းပစ္စည်းတွေကို တန်ဖိုးမြှင့် ထုတ်လုပ်နိုင်ခြင်းဖြင့် ဝင်ငွေတိုးတက်ရရှိပြီး မိသားစုတစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်လာနိုင်တော့မည်ဖြစ်၍ ဝမ်းသာပီတိဖြစ်ရပါတယ်" ဟု ရပ်မိရပ်ဖတစ်ဦးက ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို နိုဝင်ဘာ ၃၀ ရက်နေ့မှ ဒီဇင်ဘာ ၆ ရက်နေ့ထိ(၇)ရက် အခမဲ့ဖွင့်လှစ် ပို့ချခဲ့ပြီး သင်တန်းသား/သူ (၂၀)ဦးအား ဂျုံဖြင့်ပြုလုပ်သော ကိတ်အမျိုးမျိုး၊ ကွတ်ကီးအမျိုးမျိုး၊ မြေပဲယို၊ နှမ်းယို၊ မြေပဲဆားလှော်၊ နံကထိုင်၊ ချောကလက်နံကထိုင်၊ ခါဂျာ၊ စာကလေးခွေစသည့် စားသောက်ကုန် ထုတ်လုပ်နည်း(၂၃)မျိုးအား စာတွေ့လက်တွေ့ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)