ဇလွန် ဒီဇင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဇလွန်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလားအသက်၂၅ နှစ်အောက်ရပ်ကွက်/တိုက်နယ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီတွင် မြို့နယ် အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဟင်္သာတခရိုင် အားကစားနှင့်ကာပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သန့်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းအား အားကစားပစ္စည်းများ ပေးအပ်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း ၁၂ သင်း ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြိုင်ပွဲကို ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့အထိ ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝေယံ-ဇလွန်(ပြန်/ဆက်)