မြောက်ဦး ဩဂုတ် ၅
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အသက် (၆၅)နှစ်ထက် သက်ကြီးရွယ်အိုများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဟောင်းအစည်း အဝေးခန်းမနှင့်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ သတ်မှတ်စုရပ်နေရာများတွင် လတ်တလော အသက် ရှုလမ်းဆိုင်ရာ ကူးစက်မြန် ကိုဗစ်-၁၉ ကာကွယ်ဆေးဆက်လက်ထိုးနှံခြင်းကို ယနေ့ နံနက် ၈ နာရီမှ ၁၂ ထိလည်းကောင်း၊ နေ့လည် ၁ နာရီမှ ညနေ ၄ နာရီထိနှစ်ပိုင်းခွဲကာ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးများအား ပဉ္စမနေ့အဖြစ် ဆက်လက်ထိုးနှံပေးလျှက် ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးများအား ဆက်လက်ထိုးနှံပေးရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထုတ်((Sinopharm) ကိုဗစ်-၁၉ ကာကွယ်ဆေးများအား မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ အသက်(၆၅)နှစ်ထက် သက်ကြီးရွယ်အိုများအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် အဆိုပါကူးစက် ရောဂါကြောင့် သေဆုံးမှုနှုန်းလျော့ချနိုင်ရန်၊ ကိုဗစ်-၁၉ ကူးပြန့်ပွားမှအား ကာကွယ်တားဆီးနိုင် ရန်နှင့်ရောဂါဖြစ်ပွားမှုကြောင့် စီးပွားရေးထိခိုက်မှုကိုလျော့ချနိုင်ရေးအတွက် အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm)ဆေးအား ပဉ္စမနေ့အဖြစ် ဆက်လက်ထိုးနှံပေးလျှက်ရှိသည်။
ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက (Sinopharm)ကိုဗစ်-၁၉ ကာကွယ် လာရောက်ဆေးထိုးနှံကြသည့် ရဟန်းရှင်လူပြည်သူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် စေတ နာ့ဝန်ထမ်း Volunteer များအား လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုများဖြစ်သည့် ကိုယ် အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းများဆောင်ရွက်ပေးခြင်းနှင့် ပုံမှန်အနေ အထားရောက်ရှိမှသာ ကာကွယ်ဆေးထိုးနှံပေးပြီးနောက် (Sinopharm) ကိုဗစ် -၁၉ ကာကွယ် ဆေးထိုးနှံပေးလျှက်ရှိပြီး ကာကွယ်ဆေးထိုးနှံပြီးသူများကို မိနစ် ၃၀ ခန့်အနားယူစေခြင်းများ အား စီစဉ်ဆောင်ရွက်ပေးလျှက်ရှိပြီး ယနေ့အထိ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသူ ရဟန်းရှင်လူပြည်သူ စုစုပေါင်း (၁၆၈၄)ဦး ထိုးနှံပေးပြီးဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူ ကျန်းမာရေးမှူး ဦးမောင်မောင်သန်းထံမှ သိရှိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)