လက်တင်အမေရိက နိုင်ငံတွေမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၄ သန်းကျော် သွားပြီ

၂၃ ဇူလိုင်

 

လက်တင်အမေရိက နဲ့ ခရစ်ဘီယန် နိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၄ သန်းကျော်ရှိသွားရာ တစ်ဝက်မှာ  ဘရာဇီးနိုင်ငံက ဖြစ်ကြောင်း သိရပါတယ်။

 

ဘရာဇီးနိုင်ငံမှာ ဗုဒ္ဓဟူးနေ့က ၂၄ နာရီအတွင်း လူပေါင်း ၆၇,၈၆၀  မှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိကြောင်း ထုတ်ပြန် ကြေညာစဉ်က လက်တင်အမေရိက ဒေသမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူအရေအတွက်ဟာ ကမ္ဘာမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ အများဆုံးဒေသ အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

 

လက်တင်အမေရိက နိုင်ငံတွေမှာ ကပ်ရောဂါပိုးတွေရှိသူ စုစုပေါင်း ၄,၀၄၀.၉၂၅ ဦး နဲ့ သေဆုံးသူ ၁၇၂,၈၈၆ ဦးရှိကြောင်း သိရပါတယ်။

 

ဘရာဇီးနိုင်ငံမှာ သမ္မတ အပါအဝင် ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ စုစုပေါင်း ၂.၂ သန်း ရှိပြီး သေဆုံးသူ ၈၂,၇၇၁ ဦးရှိကြောင်းထုတ်ပြန်ချက်အရ သိရပါတယ်။

 

ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ များပြားနေပေမယ့် တချို့သော လက်တင်အမေရိက နိုင်ငံတွေမှာ ဗိုင်းရပ်စ်ပိုးမပြန့်ပွားအောင် ထိန်းချုပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို စတင် ဖြေလျှော့နေကြောင်း တွေ့ရှိ ရပါတယ်။

 

လက်တင်အမေရိကနိုင်ငံတွေဖြစ်တဲ့ ပီရူး၊ မက္ကဆီကိုနဲ့ ချီလီနိုင်ငံတွေဟာလည်း ကမ္ဘာမှာ ပိုင်းရပ်စ်ပိုး ကူးစက်မှု အများဆုံး ၁၀ နိုင်ငံစာရင်းမှာ ပါဝင်နေကြောင်း သိရပါတယ်။

 

မက္ကဆီကိုနိုင်ငံဟာ ကမ္ဘာမှာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ စတုတ္ထအများဆုံးနိုင်ငံအဖြစ် လူပေါင်း ၄၀,၄၀၀ သေဆုံးတာကို တွေ့ရပါတယ်။

 

ပြီးခဲ့တဲ့နှစ်က တရုတ်နိုင်ငံမှ စတင်ပြန့်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါပိုးကြောင်း ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၁၅ သန်း ရှိသွားပြီး သေဆုံးသူ ၆၂၅,၀၀၀   အထိ ရှိသွားကြောင်း သိရပါတယ်။

 

MDN

ကိုးကား- AFP