ယူကရိန်းနိုင်ငံ ဆန္ဒပြပွဲတွင် ရဲတပ်ဖွဲ့ တာဝန်ရှိသူ ၁၇ ဦး ဒဏ်ရာရကာ ဆန္ဒပြသူ ၂၆ ဦး  ဖမ်းဆီးခံရ

၁၈ ဒီဇင်ဘာ

 

ယူကရိန်းနိုင်ငံမြို့တော် ကိယက်ဗ် ရှိ ဆန္ဒပြပွဲအတွင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူ ၁၇ ဦး ဒဏ်ရာရကာ ဆန္ဒပြသူ စုစုပေါင်း ၂၆ ဦး ဖမ်းဆီးခံရကြောင်း ကိယက်ဗ် ရဲတပ်ဖွဲ့ ဆက်သွယ်ရေးဌာနက ယမန်နေ့ညက ထုတ်ပြန်ကြေညာခဲ့သည်။

 

ယမန်နေ့ မနက်ပိုင်းက ပါလီမန် အဆောက်အဦ အပြင်ဘက်တွင် ကွဲပြားသောဆန္ဒပြအုပ်စုလေးစုမှ ထောင်ချီရှိသော ဆန္ဒပြသမား စုဝေးခဲ့ကြသည်ဟု သတင်းများအရ သိရသည်။

 

လမ်းမပေါ်တွင် ရွက်ဖျင်တဲဆောက်လုပ်ရန် ကြိုးပမ်းနေကြသည့် ဆန္ဒပြသမားကြောင့် ယင်းပဋိပက္ခ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

mdn

 

အဆိုပါ ဆန္ဒပြသမားများ၏ တရားမဝင် ကျူးလွန်မှုကို တားမြစ်လိုသော်လည်း ဆန္ဒပြသမားများက စတင်ကာ ရန်ပြုခဲ့ကြသည်ဟုဖော်ပြထားသည်။

 

လက်ရှိ အခြေအနေကို ထိန်းချုပ်ထားပြီး ပါလီမန် အဆောက်အဦ ပတ်ဝန်းကျင် လမ်းများကို ရှင်းလင်းခဲ့ကြောင်း ဒေသအာဏာပိုင်များက ပြောကြားခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို