ယူကရိန်းလေယာဉ်ပျက်ကျမှုတွင် သေဆုံးသွားသော ကနေဒါနိုင်ငံသားများအတွက် နိုင်ငံတစ်ဝန်း ဆုတောင်းပတ္ထနာပို့သ

၁၀ ဇန်နဝါရီ

 

ကနေဒါနိုင်ငံသား ၆၃ ဦး လိုက်ပါလာသော ယူကရိန်းခရီးသည်တင် လေယာဉ်သည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က အီရန်နိုင်ငံတွင် ပျက်ကျခဲ့သည်။

 

အဆိုပါ သေဆုံးသွားသူများအတွက် ဝမ်းနည်းပူဆွေးကာ ကနေဒါနိုင်ငံတစ်ဝန်းတွင်  ဆုတောင်းပတ္ထနာပို့သခြင်းများ ပြုလုပ်ခဲ့ကြသည်။

 

အော့တဝါမြို့တွင် ကနေဒါပြည်သူများသည် ထိုလေယာဉ်ပျက်ကျသေဆုံးသူများကို  အောက်မေ့အမှတ်ရ ဖယောင်းတိုင်မီးများ ထွန်းညှိခဲ့ကြသည်။

 

ယင်းသေဆုံးသူများတွင် စန္ဒရားပညာရှင် တစ်ဦး၊ ကလေးငယ်များနှင့်အတူ မိသားစုဝင်များနှင့်  တက္ကသိုလ်ဆရာများ ပါဝင်သည်။

 

အီရန်နှင့်ကနေဒါ နိုင်ငံအကြား တိုက်ရိုက်ပျံသန်းသော ခရီးစဉ်မရှိပေ။

 

နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ကို ၂၀၁၂ ခုနှစ်တွင်  ရပ်ဆိုင်းထားခဲ့သည်။

ကိုးကား- အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို