ယူကရိန်းလေယာဉ်ပျက်ကျမှုမှာ ပစ်ချခံရခြင်းဖြစ်နိုင်ဟု သံသယရှိ

mdn

တီဟီရန် ၁၁ ဇန်နဝါရီ

 

ဇန်နဝါရီ ၈ ရက်က ယူကရိန်းလေယာဉ်ပျက်ကျမှုမှာ အီရန်က ပစ်ချလိုက်ခြင်း ဖြစ်နိုင်သည်ဟု ကနေဒါ၊ ဗြိတိန်နှင့် အမေရိကန် တို့က သံသယရှိနေကြသည်။ ယူကရိန်း အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း လေယာဉ်ခရီးစဉ် ၇၅၂ ပေါ်တွင် ခရီးသည် ၁၈ဝ နီးပါး လိုက်ပါလာပြီး တီဟီရန်လေဆိပ်မှ ပျံတက်ပြီး မကြာမီပျက်ကျခဲ့ခြင်းဖြစ်သည်။

 

လေယာဉ်ပေါ်လိုက်ပါလာသည့် ခရီးသည်များနှင့် လေယာဉ်အမှုထမ်း များအားလုံး သေဆုံးသွားခဲ့သည်။ လေယာဉ်ပျက်ကျမှု သက်သေ အချက်အလက်များမှာ အီရန်က ဒုံးကျည်ဖြင့် ပစ်ခတ်ခြင်းဖြစ်နိုင် ကြောင်း ဇန်နဝါရီ ၉ ရက်တွင် ကနေဒါ ဝန်ကြီးချုပ် ဂျက်စတင်ထရူးဒိုက ပြောသည်။

 

ရည်ရွယ်ထားခြင်း မရှိဘဲ လေယာဉ်ကို ပစ်ချမိခြင်းဖြစ်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကလည်း ရရှိထားသည့် သတင်းအချက်အလက်များအရ အီရန်ဘက်မှ မတော်တဆ ပစ်ချမိခြင်းဖြစ်နိုင်ကြောင်း ပြောဆိုခဲ့သည်။

 

အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ကလည်း လေယာဉ်မှာ စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုမဖြစ် နိုင်ကြောင်း၊ တစ်စုံတစ်ဦးက အမှားပြုလုပ်မိခြင်း ဖြစ်နိုင်ကြောင်း ပြောဆိုခဲ့သည်။

 

လေယာဉ်မပျက်ကျမီ ဝေဟင် ပစ်ဒုံးကျည်နှစ်စင်း ပစ်လွှတ်မှုကို  အမေရိကန်ဂြိုဟ်တုများက ထောက်လှမ်းမိပြီး အီရန်လေကြောင်း ကာကွယ်ရေးစနစ်က မတော်တဆပစ်ချခြင်းဖြစ်နိုင်ကြောင်း အမေရိကန်အစိုးရ အရာရှိများက ပြောသည်။ အီရန်နိုင်ငံသည် အနောက်နိုင်ငံများမှ စုံစမ်းစစ်ဆေးသူများကို ဖိတ်ခေါ်ရန် အသင့်ရှိသည်ဟု အာဏာပိုင်များ က ပြောသည်။

 

အင်န်အိတ်ချ်ကေ