ယူကရိန်းလေယာဉ်ပျက်ကျမှု အပြည့်အဝစုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂမျှော်လင့်

၁၀ ဇန်နဝါရီ

 

ယူကရိန်းလေယာဉ်တစ်စင်း အီရန်နိုင်ငံတွင် ပျက်ကျမှုနှင့် ပတ်သက်ပြီး အပြည့်အဝစုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂလေကြောင်း အေဂျင်စီက မျှော်လင့်ကြောင်း ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရတ်စ်၏ ပြောရေးဆိုခွင့်ရှိသူ ဖာဟန် ဟတ် က ယမန်နေ့က ပြောကြားခဲ့သည်။

 

အဆိုပါ လေယာဉ်ပျက်ကျမှုဖြစ်ပွားပြီး တစ်လအတွင်း အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်း အဖွဲ့အစည်းထံသို့ အီရန်နိုင်ငံက ပဏာမအစီရင်ခံစာ တင်ပြမည်ဟု ဖာဟန် ဟတ်၏ ပြောကြားချက်အရ သိရသည်။

 

အင်္ဂါနေ့က တီဟီရန်မြို့အနီးတွင် ပျက်ကျခဲ့သည့် ယူကရိန်း ခရီးသည်တင်လေယာဉ်ပေါ်တွင် လိုက်ပါလာသူ  ၁၇၆ ဦးစလုံး သေဆုံးခဲ့သည်ဟု အတည်ပြုဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို