ကမ်ပါလာ၊ ဧပြီ ၂၂
ယူဂန္ဓာနိုင်ငံ မြောက်ပိုင်း ဒိုကိုလိုခရိုင်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ဖြစ်ပေါ်ခဲ့သည့် ရေကြီးမှုကြောင့် အနည်းဆုံးအိမ်ထောင်စု ၁၅၀၀၀ ကျော်သည် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ဧပြီ ၂၂ ရက်တွင် ပြောကြားသည်။
ထိခိုက်ခံရသူအများစုမှာ အမျိုးသမီးများနှင့် ကလေးငယ်များဖြစ်ပြီး စာသင်ကျောင်းများနှင့် ကျန်းမာရေးဌာနများတွင် ခိုလှုံနေကြရကြောင်း ဒိုကိုလိုခရိုင် ကော်မရှင်နာမင်းကြီးက ဆင်ဟွာသတင်းဌာနသို့ တယ်လီဖုန်းဖြင့် ပြောကြားခဲ့သည်။
အဆိုပါ ရေကြီးမှုကြောင့် သီးနှံစိုက်ခင်း အများအပြားပျက်စီးခဲ့ပြီး ယင်းဒေသများတွင် ကူးစက်ရောဂါများ ဖြစ်ပွားနိုင်ကြောင်းသိရသည်။ ဧပြီလအစောပိုင်းတွင် မိုးကြိုးမုန်တိုင်းဖြစ်ပွားမှုကြောင့် မိုးကြိုးပစ်ခြင်းနှင့် ရေကြောင့်ဖြစ်သော ရောဂါများဖြစ်နိုင်ကြောင်း မိုးလေဝသအာဏာပိုင်များက သတိပေးထားသည်။
ယူဂန္ဓာအရှေ့ပိုင်း၌ ၂၀၂၂ ခုနှစ်တွင် မိုး သည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ကြောင့် လူ ၂၄ ဦး သေဆုံးပြီး လူပေါင်းများစွာ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ၊
ဘာသာပြန် - အလင်းသစ်