ယုံကြည်မှုရပြီဆိုရင် ကျွန်မတို့သွားနေတဲ့ ဖက်ဒရယ် ပြည်ထောင်စုကို သွားဖို့အတွက် အခက်အခဲမရှိဘူးလို့ ပြောလို့ရပါတယ်

နေပြည်တော် ၁၅ ဖေဖော်ဝါရီ

 

ဒေါ်နန်းမွှေးမွှေးခင် (စစ်ကိုင်းတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး) က “ဒီကနေ့ NCA လက်မှတ်ရေးထိုးပွဲမှာ ပြည်တွင်းသက်သေ အနေနဲ့ပါရတယ်။ အင်မတန်ဂုဏ်ယူပါတယ်။ ဘာလို့လဲဆိုတော့ NCA ဆိုတာ ငြိမ်းချမ်းရေးအတွက် လမ်းစပဲဖြစ်တယ်။ နောက်ပိုင်းဆွေးနွေးမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေ ညှိနှိုင်းဆောင်ရွက်မှုတွေ ဆက်ပြီးတော့လုပ်ပေးသွားမယ့် ခြေလှမ်းတစ်ခုပဲ ဖြစ်ပါတယ်။ ကျွန်မအနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ လေ့လာသူအနေနဲ့ပဲ ပါဝင်ခဲ့ဖူးပါတယ်။ တိုင်းရင်းသားတွေအနေနဲ့ကတော့ NCA ဟာ သဘောတူစာချုပ် တစ်ခုဖြစ်ပြီးတော့ ငြိမ်းချမ်းရေးကို ဆောင်ရွက်တဲ့အခါမှာ အပြန်အလှန် ယုံကြည်မှုရအောင် အပြန်အလှန် လေးစားမှုဟာ အင်မတန်လိုအပ်ပါတယ်။ အပြန်အလှန် လေးစားမှုရပြီဆိုရင် ယုံကြည်မှုရရှိမှာပဲ ဖြစ်ပါတယ်။ ယုံကြည်မှုရပြီဆိုရင် ကျွန်မတို့သွားနေတဲ့ ဖက်ဒရယ် ပြည်ထောင်စုကို သွားဖို့အတွက် အခက်အခဲမရှိဘူးလို့ ပြောလို့ရပါတယ်” ဟု ပြောကြားခဲ့သည်။

 

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)တွင် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့မှ ပါဝင်လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁၃ ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန -၂ ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ တက်ရောက်လာရာတွင် တွေ့ဆုံမေးမြန်းခဲ့ခြင်းဖြစ်သည်။

 

MDN