နေပြည်တော် ဖေဖေါ်ဝါရီ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်အတွင်း အချို့ကျေးရွာများ၌ PDF အမည်ခံ အကြမ်းဖက်သမားများ ရောက်ရှိခိုအောင်းလျက်ရှိပြီး ဒေသတွင်းဆူပူအကြမ်း ဖက်မှုများဖြစ်ပေါ်လာစေရန် စည်းရုံးလှုံ့ဆော်ခြင်း၊ အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား သတ်ဖြတ်ခြင်း၊ အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများအား မိုင်းထောင်၊ မိုင်းခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံပြည်သူလူထုနှင့် ခရီးသွားပြည်သူများအား အဓမ္မခြိမ်းခြောက် ဆက်ကြေးတောင်းခံခြင်း စသည့်အဖျက်အမှောင့် လုပ်ရပ်များကို လုပ်ဆောင်နေကြောင်း ရိုးသားစွာ နေထိုင်လုပ်ကိုင်စားသောက်လိုသည့် တာဝန်သိ ပြည်သူအချို့က သတင်းပေးပို့လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ယနေ့တွင် သွားရောက်ရှာဖွေဖော် ထုတ်ဖမ်းဆီးစဉ် ယင်းမာပင်မြို့နယ်၊ သပြေအေးကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ရောက်ရှိ ခိုအောင်းနေသည့် PDF အမည်ခံအကြမ်းဖက်သမားများနှင့် အပြန်အလှန် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများသည် ကျေးရွာ၏မြောက်ဘက်နှင့် အနောက်ဘက်သို့ ဖရိုဖရဲ ဆုတ်ခွဲထွက်ပြေးသွားခဲ့သည်။
ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါဘုန်းကြီးကျောင်းနှင့် ကျေးရွာစာသင်ကျောင်းတို့ကို ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ရာ PDF အမည်ခံအကြမ်းဖက်သူ အလောင်းအချို့၊ လက်လုပ်စိန်ပြောင်း ငါးလက်၊ လက်လုပ်စိန်ပြောင်းဗုံးသီး ခုနစ်လုံး၊ လက်လုပ်သေနတ်မျိုးစုံ ၄၅ လက်၊ ကျည်မျိုးစုံ ၁၅၇ တောင့်၊ လက်လုပ်လက်ပစ်ဗုံး ကိုးလုံး၊ ပြုလုပ်ဆဲလက်လုပ်သေနတ်ပြောင်း ၇၈ ချောင်း၊ လက်ဆွဲမီးစက် တစ်လုံး၊ ယမ်းမှုန့်၊ ဆေးမျိုးစုံနှင့် အခြားဆက်စပ်ပစ္စည်းများ၊ ၎င်းတို့ အသုံးပြုခဲ့သည့် အသုံးအဆောင်ပစ္စည်း များ၊ SKAT အမျိုးအစား မော်တော်ယာဉ် နှစ်စီး၊ မော်တော်ဆိုင်ကယ် တစ်စီးနှင့် လေ့ကျင့်ရေးကွင်းတို့ကို သိမ်းပိုက်ရရှိခဲ့သည်။
အကြမ်းဖက်သမားများအနေဖြင့် ယခုကဲ့သို့ စစ်ရေးနှင့်သက်ဆိုင်သည့် ပစ်မှတ်များ မဟုတ်သော ဘာသာရေး၊ ပညာရေးဆိုင်ရာအ ဆောက်အဦများနှင့် လူနေအိမ်များကို အကာအကွယ်ရယူ ပစ်ခတ်တိုက်ခိုက်ခြင်း၊ စခန်းချအခြေပြု အကာအကွယ်ယူတိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗင်းရှင်းနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှုကျူးလွန်ရာရောက်ပြီး အဆိုပါရာဇဝတ်မှုများအတွက် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ရာဇသတ်ကြီးနှင့် သက်ဆိုင်ရာ တည်ဆဲဥပဒေများဖြင့် ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်မှု နှိမ်နှင်းရေး လုပ်ငန်းများကို ပြည်သူလူထုတို့နှင့်အတူ ပူးပေါင်း၍ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


