ယခုနှစ်မိုးရာသီ၌ စစ်ကိုင်းမြို့တွင် ကျွန်းပင် ၅၀ဝ၀ စိုက်ပျိုးသွားမည်

စစ်ကိုင်း ၂ ဇွန် 
    

 

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့တွင် ဇွန်လတတိယပတ်တွင် ကျွန်းပင် ၅၀ဝ၀ စိုက်ပျိုးရန် စီစဉ်လျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦး၏ ပြောကြားချက်အရ သိရသည်။
    

 

“တစ်နိုင်ငံလုံးမှာ နှစ်စဉ်အပူရှိန်တွေတိုးလာတယ်၊ သစ်ပင်စိုက်မှ အပူရှိန်ကိုလျှော့ချနိုင်မှာပါ၊ အဲဒီအတွက် သစ်ပင်စိုက်ဖို့ လိုနေပါပြီ၊ သစ်ပင်စိုက်တဲ့နေရာမှာ သစ်တောဌာနတစ်ခုတည်း လုပ်လို့မရဘူး၊ သစ်တော၊ စည်ပင်၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ပါမယ်၊ ပြည်သူတွေပါမယ်၊ ဘတ်ဂျက်တစ်ခုတည်းနဲ့က နည်းတော့ မလုံလောက်ဘူး၊  ပေါင်းစပ်ပြီးလုပ်ဖို့လိုတယ်၊ သစ်တောစိုက်ခင်းတစ်ခု တည်ထောင်ဖို့ ရေရှည်ဖြစ်ထွန်းဖို့ တန်ကြေးကအများကြီးပါ၊ ဒါကြောင့် စိုက်ပြီးတဲ့သစ်တောစိုက်ခင်း ရေရှည်တည်တံ့ဖြစ်ထွန်းဖို့ အတွက်လည်း အစီအစဉ်တွေ လုပ်ဆောင်နေတယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးက ပြောသည်။

 


ကျွန်းစိုက်ခင်းထူထောင်နိုင်ရန်အတွက် စစ်ကိုင်းမြို့၊ ရထားသံလမ်းနှင့် ရွှေမင်းဝံရပ်ကွက်ကြား (၈၀ x ၇၀ဝ၀) ပေ အကျယ်တွင် အမှိုက်ကောက်ခြင်း၊ နဘူးခြုံများအား ရှင်းလင်းခြင်း၊ သစ်ပင်ကျင်းများ တူးခြင်းလုပ်ငန်းများကို သစ်တောဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရက်ကွက်နေပြည်သူများမှ ဝိုင်းဝန်းလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

 


ဝင်းဦး(ဇေယျာတိုင်း)