ယီမင်နိုင်ငံ အေဒင်မြို့ စစ်တပ်အခြေစိုက်စခန်းအား ဟူသီတို့ဒုံးကျည်ဖြင့်ပစ်ခတ်သဖြင့် ငါးဦးသေဆုံး

၁ သြဂုတ်

ဟူသီသူပုန်များက ယီမင်နိုင်ငံ တောင်ပိုင်းဆိပ်ကမ်း အေဒင်မြို့ရှိ အစိုးရထောက်ခံသောတပ်မတော်ကို ပစ်မှတ်ထားကာ ဒုံးကျည်ဖြင့်ပစ်ခတ်ခဲ့သဖြင့် စစ်သား ငါးဦးသေဆုံးခဲ့ပြီး အခြား ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်ဟု စစ်ဘက်အရာရှိတစ်ဦးက သတင်းထောက်များကို ပြောကြားခဲ့သည်။

အေဒင်ပြည်နယ် ဗာရာဂါခရိုင်ရှိ စစ်တပ်အခြေစိုက်စခန်းတစ်ခုပေါ်သို့ ဒုံးကျည်ကျရောက်ခဲ့ကာ ထိုနေရာမှာပင် စစ်သားငါးဦးသေဆုံးခဲ့ပြီး အခြားဒဏ်ရာရရှိသူ ၁၀ ဦးခန့်ရှိကြောင်း အမည်မဖော်လိုသူ ထိုစစ်ဘက်အရာရှိတစ်ဦးက ပြောဆိုခဲ့သည်။

အေဒင်မြို့ရှိ အာရပ်စော်ဘွားများပြည်ထောင်စု ထောက်ခံမှုဖြင့် တပ်သားသစ်စုဆောင်းရေးတပ်ဖွဲ့၏ ဂျာလာစစ်ဘက်အခြေစိုက်စခန်း၌ စစ်ရေးပြချီတက်ပွဲလုပ်နေစဉ်အတွင်း ၎င်းဒုံးကျည်ဖြင့်ပစ်ခတ်ကာတိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ထိုအရာရှိက ပြောကြားခဲ့သည်။

ကိုးကား - ဆင်ဟွာ
ဘာသာပြန်- မြင့်မြင့်ချို