တာမွေ        ဇူလိုင်       

 

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ YBS ယာဉ်လိုင်းများမှ ယာဉ်မောင်းများ၊ ယာဉ်လိုင်းကုမ္ပဏီများမှ ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင် စုစုပေါင်း ၆၀၀ အား COVID SHIELD အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ရုံးတွင် ဇူလိုင် ၆ ရက် နံနက်ပိုင်းက ထပ်ဆောင်းထိုးနှံပေးခဲ့သည်။

 

YRTC စီမံမှုဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ပထမအကြိမ်အဖြစ် YBS ယာဉ်မောင်းများနှင့် ကုမ္ပဏီ ဝန်ထမ်းဦးရေ ၃၀၀၀ ကျော်အားလည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် YBS ယာဉ်မောင်းများနှင့် ကုမ္ပဏီ ဝန်ထမ်းဦးရေ ၃၀၀၀ ကျော်အားလည်းကောင်း ထိုးနှံပေးခဲ့ပြီး ယခုအခါ YBS ယာဉ်လိုင်းများမှ ယာဉ်မောင်းများ၊ ယာဉ်လိုင်းကုမ္ပဏီများမှ ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များအား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထပ်မံထိုးနှံပေးလျက်ရှိရာ ယနေ့အထိ ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံပြီးသူဦးရေ ၂၅၀၀ ကျော်အထိ ရှိပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ သိရသည်။

 

နိုင်လင်းအောင်(တာမွေ)