ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရခဲ့သည့် ဂျပန်နိုင်ငံသား ကမ္ဘာ့ကြက်တောင်ချန်ပီယံ ကွာလာလမ်ပူ လေဆိပ်မှ တိုကျိုမြို့သို့ ထွက်ခွာ

၁၅ ဇန်နဝါရီ

 

ဂျပန်နိုင်ငံသားဖြစ်သူ ကမ္ဘာ့ကြက်တောင်ချန်ပီယံ ကန်တို မိုမိုတာသည် ယနေ့မနက်ပိုင်းက မလေးရှားနိုင်ငံ ကွာလာလမ်ပူ လေဆိပ် မှ တိုကျိုမြို့သို့ ထွက်ခွာသွားသည်ဟု သိရသည်။

 

8

 

မိုမိုတာသည် မလေးရှားနိုင်ငံ တွင် တနင်္လာနေ့ကယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာ ဒဏ်ရာများရရှိခဲ့ခြင်း ဖြစ်သည်။

 

မိုမိုတာ လိုက်ပါလာသောကားသည် တနင်္လာနေ့က ကွာလာလမ်ပူ လေဆိပ်သို့ သွားရာ အဝေးပြေးလမ်းတွင် ထရပ်ကားတစ်စီးနှင့် တိုက်မိခဲ့ပြီးနောက် ဒဏ်ရာရရှိခဲ့သည်။

 

မိုမိုတာသည် မလေးရှားမာစတာပွဲ တွင် အနိုင်ရရှိခဲ့သည်။

 

အဆိုပါ ယာဉ်တိုက်မှုကြောင့် မိုမိုတာသည် မျက်နှာတွင် ပြတ်ရှဒဏ်ရာ ရရှိပြီး ခန္ဓာကိုယ်အနှံ့တွင် ပွန်းပဲ့ဒဏ်ရာများဖြင့် ဆေးရုံတက်ရောက် ကုသခံခဲ့ရသည်။

 

6

 

ဆရာဝန်များက မိုမိုတာကို ဆေးရုံမှဆင်းခွင့်မပြုမီ MRI စစ်ဆေးမှု ပြုလုပ်ခဲ့သည်။

မိုမိုတာလိုက်ပါလာသော လေယာဉ်သည် ယနေ့ မွန်းလွဲပိုင်းတွင် တိုကျိုမြို့အနီး နာရီတာလေဆိပ်ကို ဆိုက်ရောက်မည်ဟု ဂျပန်နစ်ပွန်ကြက်တောင်အဖွဲ့က ဆိုသည်။

 

မိုမိုတာသည် ဂျပန်နိုင်ငံတွင် အသေးစိတ် ဆေးစစ်မှုခံယူရမည်ဖြစ်ကြောင်း ဂျပန်ကြက်တောင်အဖွဲ့ အတွင်းရေးမှူးချုပ် ကင်းဂျီ ဇေနီယ က ဆိုသည်။

 

ကိုးကား- အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို