ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးသင်တန်း အမှတ်စဉ်(၇)နှင့် အဆင့်မြင့်အရာထမ်း သင်တန်းအမှတ်စဉ် (၂၀) သင်တန်းဆင်းပွဲကျင်းပ

ရန်ကုန်       မတ်       ၃၀

 

ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးသင်တန်း အမှတ်စဉ်()နှင့် အဆင့်မြင့် အရာထမ်းသင်တန်း အမှတ်စဉ်(၂၀) သင်တန်းဆင်းပွဲကို မတ် ၃၀ ရက် နံနက်ပိုင်းက နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)ရှိ ကေတုမတီခန်းမ၌ ကျင်းပရာ

ပြည်ထောင်စု ရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးဆန်းမြင့်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ပါမောက္ခချုပ်နှင့် ဒုတိယ ပါမောက္ခချုပ်များ၊ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

 

သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်က “သင်တန်းသား အရာရှိကြီးများသည် ဝန်ကြီးဌာနများ/ အဖွဲ့အစည်းများ၏ အဓိကကျသော အခန်းကဏ္ဍမှ ဆောင်ရွက်နေကြသူများဖြစ်သောကြောင့် ပြောင်းလဲလာသော နည်းပညာ၊ အတတ်ပညာများကို အမြဲလေ့လာဆည်းပူးကြရန်နှင့် မိမိတို့၏ လက်အောက်ဝန်ထမ်းများကိုလည်း ပြောင်းလဲ တိုးတက် လာသည့် ခေတ်မီနည်းပညာများကို စဉ်ဆက်မပြတ် လေ့လာသင်ယူနိုင်စေရန် ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊

နိုင်ငံတော် အစိုးရက ချမှတ်ထားသည့် မူဝါဒများကို ဦးဆောင်အကောင်အထည်ဖော် နေကြသူများဖြစ်၍ အနာဂတ်တွင် မူဝါဒချမှတ်နိုင်ရေးအတွက် ဖြစ်ပေါ်ပြောင်းလဲ တိုးတက်လာသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အုပ်ချုပ်ရေးဖြစ်စဉ်များကို စဉ်ဆက်မပြတ် လေ့လာကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရ လက်ရှိဆောင်ရွက်နေသည့် မူဝါဒ၊ ရည်မှန်းချက်နှင့် ဦးတည်ချက်များကို ကိုယ်တိုင်ကောင်းစွာ သိရှိသကဲ့သို့ လက်အောက်ငယ်သားများကိုလည်း နားလည်သဘောပေါက်စေရန် လမ်းညွှန်ပြသပေးသွားကြရန် လိုအပ်ကြောင်း၊ တာဝန်ဝတ္တရားများကို ထမ်းဆောင်ရာတွင် လေ့လာ၊ လေ့ကျင့်၊ လိုက်နာဟူသည့် ဆောင်ပုဒ်အတိုင်း နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်မှ ရရှိခဲ့သည့် ပညာရပ်များကို လက်တွေ့နယ်ပယ်တွင် ထိထိရောက်ရောက် အသုံးပြုဆောင်ရွက် သွားကြစေလိုကြောင်း” ပြောကြားသည်။

 

သင်တန်းဆင်းပွဲအပြီးတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်သည် တက္ကသိုလ်ရှိ သင်ကြား/စီမံဌာနမှ အရာထမ်းများနှင့် တွေ့ဆုံအမှာစကား ပြောကြားပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ တည်ဆောက်ရေးလုပ်ငန်းများနှင့် ဝန်ထမ်းအိမ်ရာများကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များကို မှာကြားသည်။ ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးသင်တန်း အမှတ်စဉ်(၇)သို့ သင်တန်းသား၊ သင်တန်းသူ ၁၇ ဦးနှင့် အဆင့်မြင့် အရာထမ်းသင်တန်း အမှတ်စဉ်(၂၀)သို့ သင်တန်းသား၊ သင် တန်းသူ ၃၆ ဦး တက်ရောက်ကြကြောင်းနှင့် သင်တန်းကို ရက်သတ္တ ရှစ်ပတ်ကြာ ဖွင့်လှစ်ပို့ချခဲ့သည်။

 

သတင်းစဉ်