ရန်ကုန် ၂၁ ဇူလိုင်  

New Media လူငယ်အနုပညာရှင်များ၏ နိုင်ငံတကာအနုပညာပြပွဲ ကိုဇူလိုင် ၁၉ ရက်နေ့ ညနေ ၅ နာရီက ရန်ကုန်မြို့၊ မဟာဗန္ဓုလလမ်းနှင့်ဆူးလေဘုရားလမ်းရှိ Old Tourist Burma Building တွင် ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်အမှာစကားပြောကြားသည်။

 

5625

 

ဆက်လက်၍ ပြပွဲစီစဉ်သူ Sai Htin Linn Htet နှင့် Ushmita Sahuတို့က ပြပွဲစီစဉ်ကျင်းပရခြင်း အကြောင်းများကိုရှင်းလင်းပြောကြားသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ပြပွဲကိုလှည့်လည်ကြည့်ရှုခဲ့သည်။

 

5639

 

နိုင်ငံတကာက မြို့များစွာတွင် ကျင်းပခဲ့သော နိုင်ငံတကာအနုပညာပြပွဲသည် မြန်မာပြည်သို့ ဇူလိုင် ၁၈ ရက်နေ့က ရောက်ရှိခဲ့ပြီး အသက်၃၀ အောက် နိုင်ငံတကာနှင့် မြန်မာနိုင်ငံမှလူငယ် အနုပညာရှင်များ ဖန်တီးပုံဖော်ထားသည့် ခေတ်ပြိုင်ဖန်တီးမှုများကို  ပြသထားပြီး ဒီဂျစ်တယ်ဂရပ်ဖစ် အနုပညာ၊ လက်တွေ့စမ်းသပ်မှုအခြေပြု ဗီဒီယိုများ ၊ မာလ်တီမီဒီယာ ၊ လက်တွေ့ စမ်းသပ်မှုအခြေပြု အင်စတော်လေးရှင်းများ ၊ ဓာတ်ပုံပညာ ၊ ဆူညံသံအခြေပြု အနုပညာ အစရှိတဲ့ အမျိုးအစားစုံလင်သော ခေတ်ပြိုင်အနုပညာလက်ရာအသစ်တွေကို ပြသထားသည်။

အဆိုပါပြပွဲတွင် မြန်မာအနုပညာရှင် ၁၁ ဦးနှင့်နိုင်ငံတကာအနုပညာရှင် ၁၃ ဦး စုစုပေါင်း၂၄ ဦးတို့၏လက်ရာများကို ပြသထားရှိပြီး ဇူလိုင် ၁၉ ရက်မှ ၃၀ ရက်အထိ နံနက် ၁၀ နာရီ မှ ညနေ ၆ နာရီ အထိ ဝင်ကြေးအခမဲ့ဖြင့် ပြသသွားမည်ဖြစ်ကြောင်းသိရသည်။

ဆန်းကျော်ဦး ( ပြန် / ဆက်)