ဝမ်းတွင်းမြို့နယ် သဲတောမြို့၌ မြန်မာ့ရိုးရာနွားပြိုင်ပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပ

ဝမ်းတွင်း ၃ ဇန်နဝါရီ

 

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ သဲတောမြို့တွင်(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နွားပြိုင်ပွဲများကို ဇန်နဝါရီ ၃ ရက် မှစတင်ကာ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။

 

 (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြန်မာရိုးရာနွားပြိုင်ပွဲကြီးတွင် နွားကြီး ခြေအသွားကျပြိုင်ပွဲ၊ နွားလတ်လှည်းခြေအသွားကျပြိင်ပွဲ၊ နွားလေးခြေအသွားကျပြိုင်ပွဲနှင့်ဒုန်းနွားလှည်း ပြိုင်ပွဲများကို ကျင်းပပေးလျက်ရှိပြီး ယခုနှစ်တွင် နွားကြီးခြေအသွားကျ၊ နွားလတ်ခြေအသွားကျ၊ နွားလေးခြေအသွားကျပြိုင်ပွဲများကိုလည်း “မဲစနစ်ဖြင့်တွဲ၍ နေ့စဉ်ကျင်းပပေးလျှက်ရှိကြောင်းနှင့် နေ့ စဉ် ပထမဆုရ နွားကျော်မှအပ ကျန်နွားများပြိုင်ပွဲဝင်လျက်ရှိကြောင်း သိရသည်။

 

33

 

အဆိုပါ(၇၂)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာနွားပြိုင်ပွဲကြီးသို့ မိထ္တီလာမြို့၊ မုန်တော၊ ထနောင်းကုန်း၊ ကျောင်းကုန်း၊ လှည်းဘွဲ(ညောင်ရမ်း)၊ ဘုရားစု၊ ထိန်ကန်ကြီး၊ နတ်ကန်၊ သဲတော၊ ဆည်ရွာ၊ ခင်ကြီးတို့မှ မြန့်မာ့ရိုးရာ နွားချစ်သူဝါသနာရှင်များမှ လာရောက် ယှဉ်ပြိုင်ကြကြောင်း၊ ပြိုင်ပွဲများတွင် နွားလေး(၂၀)၊ နွားလတ်(၁၂)ရှဉ်း၊ နွားကြီးခြေအသွားကျ(၄)ရှဉ်း၊ ဒုန်းနွား(၈)ရှဉ်းတို့ ပါဝင်ကြောင်း မြန်မာ့ရိုးရာနွားပြိုင်ပွဲကော်မတီ ဒုတိယဉက္ကဋ္ဌ ဦးညီလွင်က ပြောပြသည်။

 

 (၇၂)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြန်မာရိုးရာနွားပြိုင်ပွဲကြီးကို၂၀၁၉ ခုနှစ်ဇန်နဝါရီ ၃ရက်မှ ၇ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲများအလိုက် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထဆုများကို အသီးသီးချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ဌေးလှိုင်(ဝမ်းတွင်း)