ဝါကျွတ်မှာ ပြည်ပ ခရီးထွက်ချင်ရင် ဒီနိုင်ငံတွေ ဗီဇာကင်းလွတ်ခွင့်ရတဲ့ ဒီနိုင်ငံတွေရှိတယ်

မကြာမီ အနောက်တောင်လေတို့ ဆုတ်ခွာကြတော့မည်။ မြောက်အရပ်မှ လေအေးတို့သည် မြန်မာတို့၏ ခမ်းနားလှသည့် သီတင်းကျွတ်ပွဲတော်ကို ခေါ်လာပေတော့မည်။ ထိုသီတင်းကျွတ် အားလပ်ရက်ကာလများ၊ ရုံးပိတ်ရက်များတွင်တော့ အကောင်ဆုံးသော အစီအစဉ်သည် ခရီးထွက် ခြင်းပင်ဖြစ်သည်။ တကယ်တော့ ဝါကျွတ်ကာလဟုလည်း ခေါ်သည့် မြန်မာတို့၏ သီးတင်းကျွတ် အားလပ်ရက်တွင်တော့ မိသားစုနှင့်သော်လည်းကောင်း၊ မိတ်ဆွေအပေါင်းအသင်းများနှင့်သော် လည်းကောင်း ဒါမှ ချစ်သူရည်စားနှင့်သော်လည်းကောင်း ပြည်ပနိုင်ငံများသို့ သာမန် နိုင်ငံကူးလက်မှတ်ကိုင်ဆောင်၍ အလည်အပတ်ခရီးထွက်လိုသူ မြန်မာနိုင်ငံသားများအတွက် အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်ရှိသည့် နိုင်ငံများနှင့် ဗီဇာမလိုဘဲ နေထိုင်နိုင်သည့် ရက်အပိုင်းအခြားကို မျှဝေဖော်ပြလိုက်ပါသည်။ သီတင်းကျွတ်မှာ ပျော်ရွှင်စွာ ခရီးထွက် နိုင်ကြပါစေ။

 

စင်ကာပူ
အပြန်အလှန် ဗီဇာကင်းလွတ်ခွင့် ရှိထားသည့် နိုင်ငံဖြစ်ပြီး ရက်(၃၀)နေထိုင်ခွင့်ပြုထားသည်။
ဗီယက်နမ်
ဗီဇာလျောက်ထားစရာမလိုပဲ (၁၄)ရက် နေထိုင်ခွင့်ပြုထားသည်။
ထိုင်း-(၁၄) ရက်
ဖိလစ်ပိုင်-(၁၄)ရက်
လာအို -(၁၄) ရက်
အင်ဒိုနီးရှား-(၁၄)ရက်
ကမ္ဗောဒီယား-(၁၄)ရက်
ဘရူနိုင်း-(၁၄) တို့ဖြစ်ပါတယ်။

 


ဒါဟာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အလုပ်သမား ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ရဲ့ ဝက်ဆိုက်မှာ တရားဝင်ဖော်ပြထားတာဖြစ်ပါတယ်။ www.mip.gov.mm ကနေလည်း ဝင်ကြည့်လို့ ရပါစေ။ ဝါကျွတ်မှာ Myanmar Digital News ပရိတ်သတ်ကြီး ပျော်ရွှင်စွာ ခရီးထွက်နိုင်ပါစေ။

 

 

MDN