ဝက်ခြံအမာရွတ်များအတွက် အကောင်းဆုံး အိမ်တွင်းဆေးဝါးများ

ရေးသားသူ Wathun Myat Chal
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

 

ဝက်ခြံအမာရွတ်တွေအတွက် အိမ်တွင်းဆေးနည်းတွေမှာ ရေခဲ၊ ခရမ်းချဉ်သီး၊ သခွားသီး၊ ကြက်ဥ၊ နနွင်း၊ ရှားစောင်းလက်ပတ်၊ ပန်းသီးရှာလကာရည်၊ သံပုရာရည်၊ ပျားရည်၊ ရေ၊ လာဗင်ဒါဆီနဲ့ အခြားသော အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေ အမျိုးမျိုးပါဝင်ပါတယ်။

 

ဝက်ခြံအမာရွတ်တွေအတွက် အိမ်တွင်းဆေးဝါးတွေဟာ ပြင်းထန်တဲ့ပိုးဝင်ခြင်းတွေ ဒါမှမဟုတ် ဝက်ခြံတွေပိုဆိုး လာတာမျိုးတွေ၊ ညှစ်ထုတ်လိုက်တာမျိုးတွေဒါမှမဟုတ် ကုတ်လိုက်မိတာမျိုးတွေအတွက် အသုံးဝင်လှ ပါတယ်။

 

အပျော့စား ဝက်ခြံအမာရွတ်တွေကတော့ သူ့အလိုလိုပျောက်ကင်းသွားပေမယ့် အမာရွတ်နက်တာတွေကတော့ ဘဝတစ်သက်စာလုံး ကျန်ရစ်ခဲ့တော့မှာပါ။ အပျော့စား ဝက်ခြံအမာရွတ်တွေကိုတော့ သဘာဝပစ္စည်းတွေ ဖြစ်တဲ့ အိမ်တွင်းဆေးဝါးတွေကိုသုံးပြီး ဘေးကင်းကင်းနဲ့ ထိထိရောက်ရောက် ဖယ်ရှားနိုင်ပါတယ်။

 

ဝက်ခြံအမာရွတ်တွေအတွက် အိမ်တွင်းဆေးဝါးများ

ဝက်ခြံတွေဟာ ချွေးပေါက်တွေပိတ်ရာကနေ အနာတွေအဖြစ်ထွက်ပေါ်လာတာပါ။ ဝက်ခြံတွေကြောင့် ရှက်စရာ ကောင်းပြီး လူမြင်ကွင်းကိုမထွက်ချင်တာမျိုးတွေကို သင့်ရဲ့ဆယ်ကျော်သက်ဘဝမှာရော လူကြီးဘဝမှာပါ သင်ခံစားနေရတတ်ပါတယ်။

 

ဒါပေမဲ့ နှစ်တွေကြာလာပြီး ဟော်မုန်းတွေပြောင်းလဲသွားတဲ့အခါ ဝက်ခြံတွေ ပြုံပြီးပေါက်လာတာမျိုးတွေ ပြန်ဖြစ်လာတာမျိုးတွေ လျော့သွားနိုင်ပါတယ်။ အမာရွတ်တွေ၊ အစက်အပြောက်တွေနဲ့ ဝက်ခြံပျောက်ပြီး ကျန်ခဲ့တဲ့အမှတ်တွေကတော့ ကိုယ့်ကိုကိုယ်ယုံကြည်မှု လျော့နည်းစေတာမျိုးတွေ ဖြစ်စေနိုင်ပါသေးတယ်။

 

ဒါကြောင့် ဝက်ခြံတွေကို ကုသရုံနဲ့မလုံလောက်ပါဘူး။ ဝက်ခြံအမာရွတ်တွေကိုလည်း ဝက်ခြံတွေကို မချန်ထားခဲ့ခင်ကတည်းက တောက်လျှောက် ဂရုစိုက်လာဖို့လိုအပ်ပါသေးတယ်။

 

ဝက်ခြံအမာရွတ်တွေအတွက် အသုံးများတဲ့ အိမ်တွင်းဆေးဝါးတွေမှာတော့ အောက်ပါနည်းလမ်းတွေပါဝင်ပါတယ်။

 

ရေခဲ။ ။ မျက်နှာပေါ် ရေခဲကပ်ပေးတာက ချွေးပေါက်တွေကိုကျဉ်းစေပြီး ဝက်ခြံဖြစ်စေတဲ့ အဆီတွေကို ထုတ်ပေးတာ လျှော့ချပေးနိုင်ပါတယ်။ ရေခဲဟာ အမာရွတ်တွေနဲ့ အမှတ်တွေနားက ချွေးပေါက်တွေကို ကျဉ်းစေနိုင်တဲ့ သဘာဝဆေး (astringents)အဖြစ်လည်း အလုပ်လုပ်ပါသေးတယ်။ ချွေးပေါက်တွေရဲ့ အရွယ်အစားကို ကျဉ်းလိုက်ခြင်းက ပထမဆုံးဝက်ခြံကို သက်သာစေတဲ့အပြင် အမာရွတ်တွေကိုလည်း မှိန်သွားအောင် လုပ်ပေးနိုင်ပါတယ်။

 

ခရမ်းချဉ်သီး အလွှာ။ ။ ခရမ်းချဉ်သီးကို လွှာထားတဲ့ အကွင်းလေးတွေကို အမာရွတ်ပေါ်မှာ ပွတ်ပေးခြင်းကလည်း အမာရွတ်တွေ အမှတ်တွေကို မှေးမှိန်စေတဲ့နေရာမှာ ထိရောက်တယ်လို့ တွေ့ရပါတယ်။ ဒါဟာ ဗီတာမင်အေကြောင့်လည်း တစ်စိတ်တစ်ပိုင်းတော့ ပါဝင်ပေမယ့် အဓိကက ကယ်ရိုတင်း (carotenes) တွေကြောင့်ဖြစ်ပြီး သူတို့ဟာ အနီရောင်ကို ထုတ်ပေးနိုင်တဲ့အပြင် ပျက်စီးနေတဲ့ တစ်သျှူးတွေကို ပြန်လည်ကောင်းမွန်စေပြီး ကျန်းမာသန်စွမ်းတဲ့ဆဲလ်တွေကို ပြန်လည်မွေးမြူပေးနိုင်တဲ့ antioxidant ကွန်ပေါင်းတွေပါ။

 

သခွားသီးအရည်။ ။ သခွားသီးရည်ဟာ စံပြတိုနာတစ်ခုပါပဲ။ သူက အရည်ပြားရဲ့အထိအတွေ့ကို ကောင်းမွန်စေနိုင်ပါတယ်။ သခွားသီးဟာ ရောင်ရမ်းခြင်းတွေကို လျော့ကျစေပြီး အသားအရေကို ချောမွတ် စေတဲ့အပြင် ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေကိုလည်း ကုသပေးနိုင်ပါတယ်။

 

ကြက်ဥအကာ။ ။ ကြက်ဥအကာတွေကို အလွယ်တကူရနိုင်သလို သူတို့က ဝက်ခြံအမာရွတ်တွေကို ကုသတဲ့နေရာမှာလည်း ထိရောက်ပါတယ်။ဂွမ်းလုံးလေးကိုသုံးပြီး ကြက်ဥအကာတွေကို အမာရွတ်ပေါ်မှာ လိမ်းလိုက်ပါ။

 

တစ်ညလုံးဒီတိုင်းထားလိုက်တာက အကောင်းဆုံးရလဒ်ကို ရရှိစေနိုင်ပါတယ်။ ကြက်ဥမှာ ပရိုတိန်းတွေများစွာ ပါဝင်တဲ့အပြင် အရေပြားပေါ်ကို တိုက်ရိုက်လိမ်းလိုက်ခြင်းက ပျောက်ကင်းစေတဲ့လုပ်ငန်းစဉ်ကို ပိုပြီးမြန်ဆန် စေပါတယ်။

 

ပရိုတိန်းတွေဟာ ဆယ်လူလာတစ်သျှူးတွေနဲ့ ကြွက်သားတွေကို အဓိက တည်ဆောက်ပေးနိုင်တဲ့အရာ ဖြစ်တာ ကြောင့် မျက်နှာပေါ်ကို တိုက်ရိုက်လိမ်းပြီး တစ်ညလုံးထားလိုက်တာက ဝက်ခြံအမာရွတ်တွေ ပျောက်ကင်း စေတဲ့ အရှိန်ကို တိုးမြှင့်ပေးလိုက်တာပါပဲ။

 

နနွင်း။ ။ နနွင်းကိုတော့ အာရှအရှေ့ပိုင်းနဲ့ အရှေ့တောင်အာရှ (the Orient)တို့မှာ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်း များစွာတည်းက အလှအပပစ္စည်းအဖြစ် အသုံးပြုလာကြတာဖြစ်ပြီး နနွင်းအနှစ်ကို အရည်ပြားပေါ်မှာလိမ်းခြင်း ဒါမှမဟုတ် နနွင်းကိုစားသုံးခြင်းက ဝက်ခြံအမာရွတ်တွေအတွက် ထိထိရောက်ရောက် ကောင်းမွန်စေပါတယ်။

 

ရှားစောင်းလက်ပတ်။ ။ ရှားစောင်းလက်ပတ်တွေကိုတော့ ဒဏ်ရာတွေကုသပေးနိုင်တဲ့အရာတစ်ခုအဖြစ် လူသိများကြပါတယ်။ ဒါကပဲ ဝက်ခြံအမာရွတ်တွေကို သက်သာစေတာပေါ့။ sage ကို ရေပူပူထဲစိမ်လိုက်ပြီး အအေးခံထားပါ။ ပြီးရင်တော့ အသားပေါ်လိမ်းလို့ရပါပြီ။ ရှားစောင်းလက်ပတ်ကိုတော့ အရေပြားပေါ် တိုက်ရိုက်လိမ်းလို့ရပါတယ်။

 

ပန်းသီးရှာလကာရည်။ ။ ဒါဟာ ဝက်ခြံအမာရွတ်တွေနဲ့ ဝက်ခြံအမှတ်တွေကို ရှင်းလင်းသန့်စင်ပေးတဲ့နေရာမှာ ကူညီပေးနိုင်တဲ့ တကယ်ကောင်းတဲ့တိုနာပါပဲ။ ရှာလကာရည်ဟာ သွေးလည်ပတ်မှုကိုလှုံ့ဆော်ပေးတဲ့ အားကောင်းတဲ့ဆေးတစ်လက်ဖြစ်ပြီး ဒါကပဲ ပျောက်ကင်းမှုကိုမြန်ဆန်စေပြီး ဆဲလ်အသစ်ဖြစ်ပေါ်မှုကိုပဲ မြန်ဆန်စေတာပါ။

 

သံပုရာရည်။ ။ သံပုရာသီးကနေ လတ်လတ်ဆတ်ဆတ်ညှစ်ယူထားတဲ့ သံပုရာရည်ကို အမာရွတ်တွေအပေါ် လိမ်းပေးပါ။ ခဏထားလိုက်ပြီး ရေဆေးချလိုက်ပါ။ သံပုရာရဲ့ အရောင်ချွတ်ပေးနိုင်တဲ့ ဂုဏ်သတ္တိက အမာရွတ်တွေကို မှေးမှိန်အောင်လုပ်ပေးနိုင်ပါတယ်။ သံပုရာရည်ဟာလည်း ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပြီး ဆဲလ်အသစ်တွေဖြစ်ပေါ်မှုကို အားပေးပါတဲ့အပြင် အသားအရည်ရဲ့ ကြုံ့ဆန့်နိုင်စွမ်းကိုပါ ပိုမိုကောင်းမွန်စေပါတယ်။

 

သံလွင်ဆီ။ ။ ချက်ပြုတ်တဲ့နေရာမှာ ပိုပြီးစားချင်စဖွယ်ကောငး်အောင် သံလွင်ဆီကို အသုံးပြုကြပါတယ်။ သံလွင်ဆီကို ဒီနေရာမှာတင်မကဘဲ ဝက်ခြံအမာရွတ်တွေ မှေးမှိန်သွားအောင်လုပ်တဲ့နေရာမှာပါ အသုံးပြုလို့ ရပါတယ်။ သံလွင်ဆီကို အသားထဲစိမ့်ဝင်သွားအောင် အသာအယာနှိပ်နယ်ပေးပါ။ ဒါက အသားအရေကို ပြန်လည်ချောမွတ်စေတဲ့အပြင် သိသာထင်ရှားတဲ့ အမာရွတ်တွေကိုပါ မှေးမှိန်သွားစေပါတယ်။

 

သံလွင်ဆီမှာ သဘာဝ antioxidant တွေ အမြောက်အများပါဝင်ပြီး ဒါကြောင့်ပဲ ကမ္ဘာတစ်ဝှမ်းမှာ သံလွင်ဆီကို ကျန်းမာရေးအတွက် အမျိုးမျိုးသုံးကြတာပါ။ ဒါပေမဲ့ အမာရွတ်တွေနဲ့ အမှတ်တွေကို ရှင်းလင်းဖို့အတွက်ဆိုရင်တော့ အိမ်တွင်းဆေးဝါးတွေထဲမှာ သံလွင်ဆီက အကောင်းဆုံးဆေးတစ်လက်ပါပဲ။

 

ပျားရည်။ ။ ပျားရည်က သဘာဝအစိုဓာတ်ထိန်းဆေးပါ။ သူ့ကိုတော့ ဝက်ခြံအမာရွတ်တွေကို ကုသတဲ့နေရာမှာ သုံးကြပါတယ်။ ပျားရည်ကိုစားသုံးတာနဲ့ ပျားရည်မျက်နှာဖုံးလုပ်ပြီး မျက်နှာမှာကပ်ခြင်းက ဝက်ခြံအမာရွတ် တွေကို ကုသတဲ့နေရာမှာ ထိရောက်တယ်ဆိုတာကို တွေ့ရှိခဲ့ကြပါတယ်။

 

ရေ။ ။ ရေဟာ ဝက်ခြံအမာရွတ်တွေကို ကုသပျောက်ကင်းစေနိုင်တဲ့ အကောင်းဆုံးသော သဘာဝနည်းလမ်း တစ်ခုပါပဲ။ ရေဟာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဆိပ်အတောက်တွေကို ကင်းစင်စေပြီး စွမ်းအင်သစ်တွေ ပေးစွမ်းနိုင်တာကြောင့် ရေများများသောက်သင့်ပါတယ်။

 

ရေဟာ ဆဲလ်သေတွေကို ခွာချပြီး ဆဲလ်အသစ်တွေ ဖြစ်ပေါ်မှုကိုလည်း အားပေးပါတယ်။ နံနက်ခင်းပိုင်းမှာ ကြက်သီးနွေးရေကို သောက်ပေးတာက အဆိပ်အတောက်တွေ ပိုပြီးကင်းစင်စေပါတယ်။

 

Rosehipသီး (နှင်းဆီသီး)အဆီ။ ။ ဒီအဆီကတော့ ဝက်ခြံအမာရွတ်တွေကို လျော့နည်းသွားစေပြီး အရောင်မညီတာတွေလည်း နည်းပါးစေပါတယ်။ ဒီအဆီဟာ အိုမင်းရင့်ရော်မှုကို တားဆီးပေးနိုင်တဲ့ အစွမ်းထက်အဆီဖြစ်ပြီး အရေးအကြောင်းတွေကိုလေဆာ့ကျပေးလို့ အသားအရေကို ပြန်လည်အားဖြည့် အသစ်ဖြစ်စေပါတယ်။

 

ဒီအဆီဟာ အလှကုန်ပစ္စည်းတွေအတွက်လည်း အရေးကြီးတဲ့ ပါဝင်ပစ္စည်းတစ်ခုဖြစ်ပြီး အများအားဖြင့်တော့ ဝက်ခြံအမာရွတ်တွေ၊ မျက်နှာပေါ်က အမာရွတ်တွေ၊ နေလောင်ဒဏ်ဖြစ်တာတွေနဲ့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာတွေအတွက် အများဆုံးအသုံးပြုပါတယ်။ ဒီဆီကိုသုံးပြီး မျက်နှာကို တစ်ရက်နှစ်ကြိမ် နှိပ်နယ်ပေးပါ။ ဒါက အကောင်းဆုံးသောရလဒ်ကို ရရှိစေနိုင်ပါတယ်။

 

လာဗင်ဒါဆီ။ ။ လာဗင်ဒါဆီမှာ အသစ်ဖြစ်ပေါ်မှုကို အားပေးတဲ့စွမ်းအားတွေပါဝင်တာကြောင့် သူ့ကို ဝက်ခြံအမာရွတ်တွေပေါ် လိမ်းပေးတာကလည်း အသားအရည်ကို ပြန်လည်အားဖြည့်ပေးပါတယ်။

 

 

"ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့်ဆေးပညာဝက်ဘ်ဆိုဒ် Helloဆရာဝန် www.hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်" 

 

http://myanmardigital.news/sites/default/files/hello%2011_41.jpg