ဝှီးချဲ တင်းနစ်ပြိုင်ပွဲ ကျင်းပမည်ဟု အမေရိကန်အိုပင်း တင်းနစ်ပြိုင်ပွဲ စီစဉ်သူများ ပြောကြား

၂၅ ဇွန်

 

 

အမေရိကန်အိုးပင်း တင်းနစ်ပြိုင်ပွဲ စီစဉ်သူများက အစောပိုင်းက ဝှီးချဲတင်းနစ်ပြိုင်ပွဲ ဖျက်သိမ်းရန် ဆုံးဖြတ်ချက်ကို ပြန်ရုပ်သိမ်းပြီး ယခုနှစ် ဝှီးချဲတင်းနစ်ပြိုင်ပွဲကို ဆက်လက်လုပ်ဆောင် သွားမည်ဟု ဆိုသည်။

 

 

အမေရိကန်အိုးပင်းကို နယူးယောက်တွင် ဩဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၁၃ ရက်နေ့အထိ ကျင်းပရန် စီစဉ်ထားသည်။

 

 

အဆိုပါ ပွဲစီစဉ်သူများသည် အားကစားပြိုင်ပွဲများမှ ဝှီးချဲတင်းနစ်ပြိုင်ပွဲကို ဖယ်ထုတ်ရန် အစောပိုင်းက ဆုံးဖြတ်ခဲ့ကြသည်။

 

 

ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရန် အစီအမံများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ကစားသမား အရေအတွက်ကို လျှော့ချရန် လိုအပ်သည်ဟု ၎င်းတို့က ပြောကြားသည်။

 

 

အပြည်ပြည်ဆိုင်ရာ မသန်စွမ်းကော်မတီက ဝှီးချဲတင်းနစ် ကစားသမားများအပေါ် ခွဲခြားဆက်ဆံသည့် ထိုဆုံးဖြတ်ချက်ကို ဝေဖန်ပြောဆိုခဲ့သည်။

 

 

ဝှီးချဲတင်းနစ်ပြိုင်ပွဲကို စက်တင်ဘာ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့အထိ ကျင်းပမည်ဟု အမေရိကန် အိုးပင်းပွဲစီစဉ်သူများက ဆိုသည်။

 

 

အပြည်ပြည်ဆိုင်ရာ တင်းနစ်အဖွဲ့ချုပ်နှင့် ဝှီးချဲကစားသမားများ အဖွဲ့တို့ တွေ့ဆုံဆွေးနွေးမှု အဆင့်ဆင့် ပြုလုပ်ပြီးနောက် ဆက်လက် လုပ်ဆောင်သွားရန် ဆုံးဖြတ်ခဲ့သည်ဟု ၎င်းတို့က ဆိုသည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို