ဥတ္တရသီရိမြို့နယ်ရှိ မဟာသကျရံသီရုပ်ရှင်တော်မြတ်ကြီး၌ ဘုရားဖူးများစည်ကားလျက်ရှိ

နေပြည်တော် ၁၁ ဖေဖော်ဝါရီ 

 

 

ရုံးပိတ်ရက်(၃)ရက်၏ ဒုတိယနေ့ဖြစ်သည့် ဖေဖော်ဝါရီလ(၁၁)ရက်နေ့တွင် နေပြည်တော်၊ ဥတ္တရသီရိမြို့ နယ်ရှိ မဟာသကျရံသီရုပ်ရှင်တော်မြတ်ကြီးသို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများ ရောက်ရှိစည် ကားလျက်ရှိ ပါသည်။

 

 

ဂေါပကအဖွဲ့မှ ညှိနှိုင်းရေးမှူး ဦးစိုးမြင့်၏ ပြောကြားချက်အရ ဘုရားဖူးချိန်မှာ နံနက် ၅ နာရီမှ ည ၉ နာရီအထိဖြစ်ပြီး၊ နံနက် ၇ နာရီမှ ည ၇ နာရီအထိ ဘုရားဖူးများအနည်းဆုံး (၁၅၀)ဦးမှ အများဆုံး (၁၀ဝ၀)ကျော်ခန့်ထိ လာရောက်ဖူးမြော်လေ့ ရှိကြောင်းနှင့် ပုံမှန်ရက်များထက် နေ့ကြီးရက်ကြီးများနှင့် ယခုကဲ့သို့ ရုံးပိတ်ရက်များတွင် ဘုရားဖူးများ ပိုမိုစည်ကားလေ့ရှိကြောင်း ဥတ္တရခရိုင် (ပြန်/ဆက်)မှ သိရှိရသည်။ 

 

 

(MDN)