တယ်လီနော ဖုန်းကတ်များအား ပြည်ပအထိ အသုံးပြုမှုစံချိန်တင်မြင့်တက်

ရန်ကုန် ၉ မေ

 

ဒေတာအသုံးပြုမှု လေ့လာချက် တစ်ခုအရ တယ်လီနော၏ အာရှ ရှစ်နိုင်ငံတွင် အသုံးပြုနိုင်သော ဝန်ဆောင်မှုမှာ ပြီးခဲ့သည့် ခရီးသွား ကာလအတွင်း မြန်မာနိုင်ငံမှ ပြည်ပ ခရီးသွားများအကြား အသုံးပြုမှု စံချိန်တင် မြင့်တက်ခဲ့ကြောင်း သိရသည်။ တယ်လီနောဆင်းကတ်ကို အသုံးပြုပြီး ပြည်ပနိုင်ငံများတွင် ဖုန်းပြောဆိုမှု၊ စာတိုပေးပို့မှုနှင့် အင်တာနက် အသုံးပြုမှုတို့မှာ ၁၀ ဆ တိုးလာခဲ့ပြီး အသုံးပြုသူအရေအတွက်မှာ ၄၃ ရာခိုင်နှုန်း တိုးပွားခဲ့သည်ဟု တယ်လီနောမှ ဆိုသည်။

 

"မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေက နိုင်ငံခြား ခရီးသွားနေချိန်တွေမှာလည်း အချင်းချင်းချိတ်ဆက် ဆက်သွယ်ရတာကို သဘောကျကြသလို ပြည်ပနိုင်ငံတွေမှာ လွယ်ကူသက်သာစွာနဲ့ အသုံးပြုနိုင်တဲ့ တယ်လီနောရဲ့ Roaming ဝန်ဆောင်မှုအပေါ် အသုံးပြုတွေက ယုံယုံကြည်ကြည်၊ သက်သက်သာသာနဲ့ အဆင်ပြေပြေသုံးစွဲနေကြတာကို တွေ့ရတာ အင်မတန် ဝမ်းမြောက်မိပါတယ်။ ဒီ Roaming အစီအစဉ်ကြောင့် တယ်လီနောအသုံး ပြုသူတွေအနေနဲ့ အာရှရဲ့ ရေပန်းအစားဆုံး ခရီးသွားဒေသတွေဖြစ်တဲ့ နိုင်ငံရှစ်နိုင်ငံကို သွားရောက်လည်ပတ်တဲ့အခါ ဆင်းကတ်ပြောင်းလဲစရာမလိုဘဲ မြန်မာပြည်တွင်းမှာသုံးတဲ့ ဈေးနှုန်းအတိုင်း အသုံးပြုနိုင်ပါတယ်’’ ဟု တယ်လီနော မြန်မာ၏ ဈေးကွက်ဖော်ဆောင်ရေး အရာရှိချုပ် Joslin Myrthong က ပြောကြားခဲ့သည်။

 

ASIA-8 ဟု အမည်ရသည့် Roaming ဝန်ဆောင်မှု အစီအစဉ်တစ်ရပ်ကို Prepaid နှင့် Postpaid သုံးစွဲသူများအတွက် ဧပြီလမှစတင် မိတ်ဆက်ခဲ့သည်။ အဆိုပါအထူးအစီအစဉ်အရ ထိုင်း၊ မလေးရှား၊ တရုတ်၊ စင်ကာပူ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ အင်ဒိုနီးရှားနှင့် ထိုင်ဝမ်တို့တွင် အလုပ်လုပ်ကိုင်နေသူများ သို့မဟုတ် အလည်အပတ် သွားရောက်သူများ အင်တာနက်ကို ပြည်တွင်းနှုန်းထားအတိုင်း တစ်မဂ္ဂါဘိုက်လျှင် ရှစ်ကျပ်နှုန်းဖြင့် သုံးစွဲနိုင်သည့်အတွက် ပုံမှန်ကုန်ကျသည့် နှုန်းထားထက် ၉၉ ဒသမ ၉၅ ရာခိုင်နှုန်း သက်သာစေကာ လက်ရှိတွင် တယ်လီနော၏ Roaming ဝန်ဆောင်မှု အထူးအစီအစဉ်ကို အသုံးပြုနိုင်သည့် အာရှ ရှစ်နိုင်ငံအနက် ထိုင်း၊ မလေးရှား၊ စင်ကာပူနှင့် တရုတ်နိုင်ငံများတွင် သုံးစွဲသူအများဆုံးဖြစ်နေကြောင်း သိရသည်။ တယ်လီနောဆင်းကတ်များ အားလုံးတွင် နိုင်ငံတကာ Roaming ဝန်ဆောင်မှုကို ထည့်သွင်းထားပြီးဖြစ်၍ အဆိုပါ ဝန်ဆောင်မှုကို ရယူအသုံးပြုရန်အတွက် သီးသန့် အဖိုးအခ ထပ်မံပေးဆောင်ရန် မလိုအပ်ကြောင်း သိရသည်။

 

ALEX