တူရကီတွင် မြန်နှုန်းမြင့် ရထား တိမ်းမှောက်ရာ ၇ဦးသေဆုံး၊ ၄၆ ဦး ဒဏ်ရာရ

တူရကီ မြို့တော်တွင် ယနေ့မနက်ပိုင်း၌ မြန်နှုန်းမြင့် ရထားမတော်တဆမှု ဖြစ်ပွားသဖြင့် ၇ ဦးထက်မနည်းသေဆုံးပြီး  ဒဏ်ရာရရှိ သူ ၄၆ ဦး အနက် ၃ ဦးမှာ စိုးရိမ်ရကြောင်း  တူရကီ အုပ်ချုပ်ရေးမှူး  ဗာဆစ် ဆာဟင် ပြောကြားချက်အရ သိရသည်။

အဆိုပါ မြန်နှုန်းမြင့် ရထားသည်  စက်ခေါင်းကိုဝင်တိုက်ပြီး လမ်းချော်သွားရာမှ   ရထားတွဲ နှစ်တွဲ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းဖော်ပြထားသည်။

ကုန်းကျော်တံတား အစိတ်အပိုင်းများ  ရထားတွဲ အချို့ပေါ်သို့ ပြိုကျခဲ့ကြောင်းနှင့် ထိုရထားတိမ်းမှောက်ရာနေရာသို့ ကယ်ဆယ်ရေးအဖွဲ့များ လုပ်ဆောင်နေကြကြောင်း ပြည်တွင်း စီအန်အန် တာခ် မှ ရုပ်သံလွှင့် ပြသထားသည်ကို တွေ့မြင်ရသည်။

ကိုးကား ဆင်ဟွာ 
ဘာသာပြန် မြင့်မြင့်ချို