တူရကီတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ၁၉၁၆၅၇ အထိရှိလာ

၂၅ ဇွန်

 

 

တူရကီနိုင်ငံတွင် ဇွန် ၂၄ ရက်နေ့က ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၂၄ ဦး ရှိပြီး သေဆုံးသူ ၅၀၂၅ ဦး ရှိကြောင်း တူရကီ ကျန်းမာရေးဝန်ကြီး ဖာရတ်တင် ကိုကာ ကပြောကြားသည်။

 

 

ကိုဗစ်-၁၉ ရောဂါ နေ့စဉ် ကူးစက်မှု ၁၄၉၂ ရှိပြီး နိုင်ငံအတွင်း ရောဂါကူးစက် ခံရသူပေါင်း ၁၉၁၆၅၇ ဦး ရှိသည်။

 

 

တစ်ရက်အတွင်း ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူ ၁၃၈၆ ဦးရှိပြီး ကျန်းမာရေး ကောင်းမွန်လာသူ ၁၆၄၂၃၄ ဦးအထိ ရှိလာသည်။

 

 

အထူးကြပ်မတ်ဆောင်တွင် ကုသမှုခံယူနေသူ ၉၁၄ ဦး ရှိသည်ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

 

 

တူရကီနိုင်ငံတွင် ကိုဗစ်-၁၉ ပထမဦးဆုံး ကူးစက်မှုသည် မတ်လ ၁၁ ရက်နေ့တွင် ဖြစ်ပွားခဲ့ပြီး ဇွန် ၁ ရက်နေ့မှစတင်ကာ ကူးစက်မှုမြင့်တက်လာခဲ့သည်။

 

 

တူရကီနှင့် တရုတ်နိုင်ငံတို့သည် ကိုဗစ်-၁၉ ကူးစက်မှုတိုက်ဖျက်ရေးတွင် တစ်ဦးကိုတစ်ဦး ဝိုင်းဝန်းကူညီခဲ့ကြသည်။

 

 

တရုတ်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ ဆရာဝန်များနှင့် တူရကီ ဆေးဘက်ဆိုင်ရာ ပညာရှင်များ ပြုလုပ်သော ဗွီဒီယိုကွန်ဖရင့်တစ်ခုတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ထိန်းချုပ်ခြင်း၊ ဆေးဘက်ဆိုင်ရာ လုပ်သားများကို ကာကွယ်ခြင်းနှင့် ရောဂါကူးစက် ခံရသူများကို ကုသပေးခြင်းတို့၌ တရုတ်ပညာရှင်များ၏ အတွေ့အကြုံကို မျှဝေခဲ့ကြသည်။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို