နေပြည်တော်၊ နိုဝင်ဘာ ၂၇ 

 

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ရေ)၊ 44th PLA Navy Escort Task Group(ETG) မှ စစ်ရေယာဉ်များဖြစ်သည့်    ဖျက်သင်္ဘော Zi Bo၊ ဖရီဂိတ်စစ်ရေယာဉ်  Jing Zhou နှင့် ထောက်ပံ့ရေးစစ် ရေယာဉ် Qian Dao Hu တို့သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သို့   မြန်မာ-တရုတ် ရေကြောင်း   လုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်း   ဆောင်ရွက်ရန်နှင့် ချစ်ကြည်ရေးခရီး လည်ပတ်ရန်အတွက် ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာရာ တပ်မတော် (ရေ) မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် စစ်သံရုံးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတရုတ် ကုန်သည်များအသင်း၊ တရုတ်-မြန်မာ ဗုဒ္ဓဘာသာအသင်းတို့မှ သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။

 

mdn

 

အဆိုပါ စစ်ရေယာဉ်များတွင် အဖွဲ့ခေါင်းဆောင်အဖြစ် Senior Captain Sun Bo ဦးစီး၍ အရာရှိ၊ စစ်သည် စုစုပေါင်း ၇၀၀ ခန့် လိုက်ပါလာပြီး ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ လေ့လာလည်ပတ်၍ နှစ်နိုင်ငံချစ်ကြည်ရေး အားကစားပြိုင်ပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်