တရုတ်နိုင်ငံတောင်ပိုင်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူပေါင်း ၁၁၀၀၀၀ နီးပါး ဘေးလွတ်ရာသို့ရွှေ့ပြောင်း

ဧပြီ ၂၅

တရုတ်နိုင်ငံတောင်ပိုင်းတွင် ဆယ်စုနှစ်အတွင်း သည်းထန်စွာရွာသွန်းသောမိုးကြောင့် လူပေါင်း ၁၁၀၀၀၀ နီးပါး ဘေးလွတ်ရာသို့ရွှေ့ပြောင်းခဲ့ရသည်။ ကွမ်တုန်းပြည်နယ်တွင် ရေကြီးရေလျှံမှုနှင့် Qingyuan၊ Shaoguanနှင့် အခြားနေရာများတွင် မြေပြိုမှုများဖြစ်ပွားခဲ့သည်။ အဆိုပါရေလွှမ်းမိုးမှုကြောင့် လေးဦးသေဆုံးပြီး အခြားဆယ်ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။ မြို့အတွင်းနေအိမ်များတွင် ရေကြီးရေလျှံမှုများဖြစ်ပွားနေပြီး ဒေသခံများကို လှေများဖြင့် ဘေးကင်းရာသို့ပြောင်းရွှေ့ပေးကြောင်း ဖော်ပြထားသည်။ တရုတ်နိုင်ငံတောင်ပိုင်းတွင် ၁၉၆၁ ခုနှစ်နောက်ပိုင်း ဧပြီလတွင် မိုးရွာသွန်းမှုဒုတိယအမြင့်မားဆုံးဖြစ်သည်။ မိုးသည်းထန်စွာရွာသွန်းမှုသည် နောက်ထပ်ရက်ပေါင်းများစွာကြာ ဆက်လက်ရွာသွန်းနိုင်သဖြင့် တာဝန်ရှိသူများက ဒေသခံများထံ သတိပေးချက်များ ဆက်လက်ထုတ်ပြန်ထားသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို