တရုတ်နိုင်ငံ၌ တုပ်ကွေးအမျိုးအစားသစ်တစ်မျိုးကို ဝက်များတွင်တွေ့ရှိ

ပေကျင်း ၂ ဇူလိုင်

တရုတ်နိုင်ငံရှိ ဝက်များတွင် တုပ်ကွေးရောဂါ အမျိုးအစားသစ် ကူးစက်ဖြစ်ပွားနေကြောင်း ဆေးပညာ ရှင်အချို့က တွေ့ရှိခဲ့ပြီးနောက် ယင်းကူးစက်မှုသည် ကပ်ရောဂါအသွင်ဖြစ်လာနိုင်သည့် အလားအလာ ရှိကြောင်း အဆိုပါဆေးပညာရှင်များက ပြောကြားခဲ့သည်။

၂၀၀၉ ခုနှစ်တွင် ပေါ်ထွက်လာခဲ့သည့် အာဖရိက ဝက်အပြင်းဖျားရောဂါသည် ကမ္ဘာတစ်ဝန်းတွင် နှစ်ပေါင်း ၄ဝ အတွင်း ပထမဆုံးသော ကပ်ရောဂါတစ်ခုအဖြစ် ထွက်ပေါ်လာခဲ့ပြီး ယခု ထပ်မံတွေ့ရှိရသည့် တုပ်ကွေးရောဂါမှာလည်း အာဖရိက ဝက်အပြင်းဖျားရောဂါမှ ဆင်းသက် လာခဲ့ခြင်းဖြစ်ကြောင်း ကျွမ်းကျင်သူများက ဖော်ပြသည်။

ဆေးပညာရှင်များ၏ ကနဦးတွေ့ရှိမှု သုံးသပ်ချက်များကို အမေရိကန်သိပ္ပံဂျာနယ်တစ်စောင်တွင် ဇွန် ၂၉ ရက်က ဖော်ပြထားသည်။ အဆိုပါသုံးသပ်ချက်၌ ယခုတွေ့ရှိရသည့်တုပ်ကွေးရောဂါကို GAEA HINI ဟုအမည်ပေးထားပြီး အာဖရိက ဝက်အပြင်း ဖျားရောဂါမှ ကွဲထွက်လာသည့် အမျိုးအစားတစ်ခု ဖြစ်ကာ လူများတွင် ကူးစက်တွယ်ကပ်နိုင်ခြေ များသည့်အတွက် ကပ်ရောဂါတစ်ခုဖြစ်လာနိုင်သော ကြောင့် ဝက်မွေးမြူရေးခြံများနှင့် ဝက်များအား ကိုင်တွယ်နေရသူများကို အနီးကပ် စောင့်ကြည့်ရန် ကျွမ်းကျင်သူများက အကြံပြုထားကြောင်း သိရသည်။

ဆင်ဟွာ