တရုတ်နိုင်ငံ၌ ကျောက်မီးသွေးတွင်းမတော်တဆဖြစ်ပွားမှုကြောင့် ငါးဦးသေဆုံး

မေ ၂၁

တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း Heilongjiang ပြည်နယ်ရှိ ကျောက်မီးသွေးတွင်းမတော်တဆဖြစ်ပွားမှုကြောင့် ငါးဦးသေဆုံးခဲ့ကြောင်း သိရသည်။ Heilongjiang Longmay Group လက်အောက်ရှိ Hegang mining ကုမ္ပဏီ၏ ကျောက်မီးသွေးတွင်းတွင် ယမန်နေ့ညပိုင်းက မတော်တဆမှုဖြစ်ပွားခဲ့ရာ ကိုးဦးပိတ်မိနေခဲ့သည်။ ၎င်းတို့အနက် လေးဦးကိုကယ်ဆယ်နိုင်ခဲ့သည်ဟု ထိုကုမ္ပဏီကပြောကြားသည်။ အဆိုပါမတော်တဆမှုသည် ကာဗွန်ဒိုင်အောက်ဆိုက်အရည် ယိုစိမ့်မှုကြောင့် ဖြစ်ပွားသည်ဟု ကနဦးစစ်ဆေးတွေ့ရှိမှုတွင် ဖော်ပြထားသည်။ ထိုမတော်တဆမှုဖြစ်ပွားရသည့် အကြောင်းရင်းကို ထပ်မံစစ်ဆေးမှုလုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို