တရုတ်နိုင်ငံကွမ်တုန်းပြည်နယ်၌ မိုးသက်မုန်တိုင်းတိုက်ခတ်မှုကြောင့် ၁၁ ဦး ပျောက်ဆုံးလျက်ရှိ

ဧပြီ ၂၂

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန်းပြည်နယ်နေရာအနှံ့အပြားတွင် မကြာသေးမီရက်များအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုများဖြစ်ပွားလျက်ရှိရာ ၁၁ ဦး ပျောက်ဆုံးနေကြောင်း ပြည်နယ်အရေးပေါ်စီမံခန့်ခွဲရေးဌာနက ယနေ့တွင် ပြောကြားသည်။ Jiangwan ပြည်နယ်၊ Shaoguan မြို့မှ ခြောက်ဦးနှင့် Qingyuan မြို့၊ Dalong ကျေးရွာမှ ငါးဦးတို့ပျောက်ဆုံးလျက်ရှိရာ ရှာဖွေရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်နေဆဲဖြစ်ကြောင်း ထိုဌာနက ပြောကြားသည်။ Shaoguan၊ Guangzhou၊ Heyuan၊ Qingyuan၊ Meizhouနှင့် Huizhouတို့အပါအဝင် မြို့များတွင် မကြာသေးမီက မိုးသည်းထန်စွာရွာသွန်းခဲ့ရာ နေအိမ်များပျက်စီးခြင်း၊ လမ်းများပိတ်ဆို့ခြင်းနှင့်မြေပြိုမှုများဖြစ်ပွားခဲ့သည်။ ထိုပြည်နယ်တစ်ဝန်းရှိလူပေါင်း ၅၃၇၄၁ ဦးကို နေရာချထားပေးပြီး ၁၂၂၅၆ ဦးကို အဆောတလျင်နေရာ ပြန်လည်ချထားပေးခဲ့သည်ဟု ထိုဌာနကဆိုသည်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လက်ရှိအချိန်အထိ နေအိမ် ၃၆ လုံးပြိုကျခဲ့ပြီး နေအိမ်၄၈ လုံး ပျက်စီးမှုများပြားခဲ့ရာ အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၈ သန်းဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို